တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် များ နေပြည်တော်မှာရောက်ရှိ

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနား ကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြား ထားရာမှာ ကချင် ၊ ပလောင် နဲ့ ကရင်နီအဖွဲ့ ၃ ဖွဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်လာကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များကို သမ္မတ ဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ် Photo: Myanmar President office Website

နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်း အနားကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားထားရာမှာ ကချင် ၊ ပလောင် နဲ့ ကရင်နီအဖွဲ့ ၃ ဖွဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့သိရ ပါတယ်။

အစိုးရက လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထား တာဖြစ်ပြီး ၃ ဖွဲ့တက်ရောက်မှာ မဟုတ်တဲ့ အကြောင်း နေပြည်တော်ကိုရောက်ရှိနေတဲ့ ချင်းအမျိုး သားတစ်ဦး CNF လက်ထောက်အတွင်းရေး မှူး ဒေါက်တာ ရွှေခါးက ပြောပါတယ်။

"ဒီပလောင်နဲ့ KIO  သူတို့မပါခဲ့ဘူး၊ ကျန်တဲ့ ၁၃ ဖွဲ့ပါပါတယ်၊ ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကျနော်တို့ရဲ့ နှစ်ဦးနှစ်ဖက်လက်မှတ် ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တာရှိသလို အကောင် အထည်မဖော်သေးတာလဲရှိတယ်၊ အဲ့ဒီကိစ္စကို အလျင်မြန်ဆုံးဆောင်ရွက်ဖို့အတွက် ကျနော်ဘက်က သမ္မတကို တင်ပြဖို့ရှိပါတယ်"

မနက်ဖြန် ပြည်ထောင်စုနေ့အခမ်းအနားအပြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ဟာ နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ တပ်မတော်က တာဝန်ရှိသူတွေ နဲ့လည်း သီးသန့်တေ့ွဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

အခမ်းအနားတက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ မွန်ပြည်သစ်ပါတီ NMSP စတဲ့ တိုင်းရင်းသားအဖဲ့ွတွေက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေး ကြပါတယ်။

ပြည်ထောင်စုနေ့အခမ်းအနားကိုတက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဟာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒီကနေ့ နေ့လည်က တွေဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးကြတာတွေနဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးဗဟိုဌာနရဲ့ နိုင်ငံရေးအကြီးတန်းအကြံပေး ဦးလှမောင်ရွှေကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org