အန်အယ်လ်ဒီအပေါ် တိုင်းရင်းသား ပါတီတွေ ယုံကြည်မှု နည်းသွားစေတယ်လို့ ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက် ပွဲမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားတာဟာ တိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်မှုကို လျော့နည်းသွားစေ တယ်လို့ ပြောကြပါတယ်။

ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ် Photo:Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားတာဟာ တိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်မှုကို လျော့နည်းသွားစေတယ်လို့ ပြောကြပါတယ်။

အန်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရသွားတာဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပြည်နယ်တွေမှာ ပြင်ဆင် ထားတဲ့ ခံစစ်ကြောင်းကို ချိုးဖျက်လိုက်တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဒီကနေ့ နေပြည်တော်လွှတ်တော်ခန်းမမှာ RFA ကို ပြောပါတယ်။

အစိုးရဖွဲ့တဲ့အခါ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို ထင်ဟပ်မယ်ဆိုရင် အဲ့ဒီယုံကြည်မှု ပြန်ရနိုင်မယ်လို့ ယူဆကြောင်းလည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်ကလည်း အန်အယ်လ်ဒီ အနေနဲ့ အများစုနိုင်သွားတာ ဝမ်းသာပေမယ့် စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ပြည်နယ်တွေမှာ သူတို့ကိုယ်စားပြုမှု အားကောင်းပြီး ပြည်နယ် အစိုးရတွေ ဖွဲ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်နယ်အသီးသီးမှာ အများစုအနိုင်ရဖို့ မျှော်လင့်ထားကြတာဖြစ်ပြီး အန်အယ်လ်ဒီက ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးအပြင် တစ်နိုင်ငံလုံးမှာ ၈ဝ% အနိုင်ရခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org