တိုင်းရင်းသားရေးရာဝန်ကြီး ခံစားခွင့်များ မရသေးကြောင်း ထုတ်ဖော်ပြောဆို
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခံရတဲ့ ပူးနိုထန်ကပ်က သူ့အနေနဲ့ ဝန်ကြီးတယောက် လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် ဘာမှ မရရှိဘူးလို့ ပြောပါတယ်။
-
2011-05-26 -
-
-
Your browser doesn’t support HTML5 audio
ဒါအပြင် သူဟာဝန်ကြီးတယောက်အနေနဲ့ တိုင်းဒေသကြီး အစိုးရ အစည်းအဝေးမှာ ပါဝင်ခွင့် မရတဲ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တမူးမြို့နယ်တွေမှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသားတွေဆီကို အစိုးရတာဝန်နဲ့ သွားရာမှာ ကိုယ်စရိတ်ကိုယ် သုံးနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ တခြား ဝန်ကြီးဌာနတွေလို တန်းတူ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့ ဝန်ကြီးတယောက်အဖြစ် ဆောင်ရွက်ပေးဖို့ သူအနေနဲ့ သက်ဆိုင်ရာကို တင်ပြမယ်လို့ RFA ကို ပြောပါတယ်။
“သက်ဆိုင်ရာကို တင်ပြပြီးတော့ ဒီကိစ္စတရပ် ဒီတိုင်း ဒီပုံစံကြီး သွားမှာလား၊ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးရေးရာအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ရုံးတွေ ဘာတွေပေါ့၊ ဘယ်လို ပြင်ဆင်ပေးမလဲဆိုတာ ကျွန်တော်တို့ တင်ပြနေတုန်းပဲ ရှိပါတယ်။ ဒီအတိုင်း သွားနေလို့တော့ မရပါဘူး။ အလုပ်လုပ်ရမှာက လက်တွေ့မှာ မလွယ်ဘူး ဖြစ်နေတယ်လေ။ ကိုယ်ရေး အစောင့်အရှောက်တို့ လုံခြုံရေးလည်း ဘာမှ မပေးထားတော့ ကျွန်တော်တို့ လုံခြုံရေးလည်း နည်းနည်း စိတ်ပူရတယ်လေ။ တိုင်းရင်းသား အရေးဆိုတော့လည်း။ နည်းနည်း သုံးသပ်ဖို့ တင်ပြမှာပါ။”
ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီ (CPP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှွတ်တော်အတွင်းမှာ တဦးတည်းသော ချင်းတိုင်းရင်းသားအမတ်လည်း ဖြစ်တဲ့ ပူးနိုထန်ကပ်ကို ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချင်းရေးရာဝန်ကြီး ပူးနိုးထန်ကပ်ကို RFA မှ ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |