စစ်ပွဲရပ်ဖို့တောင်းဆိုလို့ ထောင်ချခံရတဲ့ ကချင် (၃) ယောက်ကို ပြန်လွှတ်ပေးဖို့ EU နဲ့ AI တောင်းဆို

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်ပေးဖို့် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ဧပြီလကုန်က ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ အပေါ် AI လို့ ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ရန်ကုန်အခြေစိုက် ဆွီဒင်သံရုံးတို့က ရှုတ်ချလိုက်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်သုံးသပ်ဖို့ ဒီဇင်ဘာ ၇ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲကြောင့် ပိတ်မိနေသူတွေကယ်ထုတ်ရေး ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Elizabeth/ RFA

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ကယ်ထုတ်ပေးဖို့ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ဧပြီလကုန်က ဦးဆောင်ဆန္ဒပြခဲ့သူ ၃ ဦးကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ အပေါ် AI လို့ ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ရန်ကုန်အခြေစိုက် ဆွီဒင်သံရုံးတို့က ရှုတ်ချလိုက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ဆင်သုံးသပ်ဖို့ ဒီဇင်ဘာ ၇ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ အစိုးရနဲ့စစ်တပ်ရဲ့လုပ်ရပ်အပေါ် ဝေဖန်သူတွေကို ပါးစပ်ပိတ်သွားစေချင်တဲ့ သဘောထားကို ပြသရာရောက်တယ်လို့ AI ရဲ့ အကြပ်အတည်း ဖြေရှင်းရေးဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူး တီရာနာ ဟတ်ဆန် (Tirana Hassan) က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို၊  တိုက်ခိုက်ထိုးနှက်တာတွေ၊ ခြိမ်းခြောက် တာတွေ၊ တရားစွဲတာတွေ ဆက်ရှိနေဦးမယ်ဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ကေအိုင်အေတို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တောထဲမှာပိတ်မိနေတဲ့ စစ်ပြေးဒုက္ခသည်တွေ ကို ကယ်ထုတ်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကနေ မေလဆန်းအထိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြ ခဲ့တဲ့ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲထားတာကို၊ ထောင်ဒဏ် ၆ လစီနဲ့ ငွေဒဏ် ၅ သိန်းစီ ကျခံဖို့  မြစ်ကြီးနားမြို့နယ် တရားရုံးက မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။ တကယ်လို့ သူတို့ဟာ ငွေဒဏ် ၅ သိန်း မပေးဆောင်ဘူးဆိုရင် ထောင်ဒဏ်နောက်ထပ် ၆ လ ထပ်မံ ကျခံရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org