အဓိကထား ကူညီပေးရမယ့် နိုင်ငံအဖြစ် မြန်မာကို EU က ယူဆ
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံစာရင်း ထဲမှာရှိနေပြီး ဘက်ပေါင်းစုံမှာလိုအပ် ချက်တွေရှိနေတဲ့အတွက် ဥရောပသမဂ္ဂ နိုင်ငံများ EU ရဲ့ အဓိကထား အကူအညီပေးရမယ့် နိုင်ငံမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ကြီး Mr. Roland Kobia က ပြောပါတယ်။
-
2015-09-25 -
-
-
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံစာရင်းထဲမှာရှိနေပြီး ဘက်ပေါင်းစုံမှာ လိုအပ်ချက်တွေရှိနေတဲ့အတွက် ဥရောပသမဂ္ဂနိုင်ငံများ EU ရဲ့ အဓိကထား အကူအညီပေးရမယ့် နိုင်ငံမှာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က မြန်မာနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ ဦးစားပေး အဆင့်မှာ ပါကြောင်းပြောလိုက်တာပါ။
"မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အဆင်းရဲဆုံးနိုင်ငံ LDC အဆင့်တိုင်းပြည် ဖြစ်ပါတယ်၊ ဘက်ပေါင်းစုံမှာ တိုးတက်ဖို့လိုအပ်တာကြောင့် ဥရောပသမဂ္ဂရဲ့ ဦးစားပေးနိုင်ငံ စာရင်း ထဲမှာရှိပါတယ်၊ ပြီးပြည့်စုံတယ်လို့မဆိုနိုင်ပေမယ့် မိမိတို့အနေနဲ့ ယုံကြည်တာက ဒီတိုင်းပြည်မှာ မှန်ကန်တဲ့ လမ်းကြောင်း အတိုင်း ပြောင်းလဲနေတာကို မြင်တွေ့ရပါတယ် လို့သံအမတ်ကြီးက ပြောခဲ့တာဖြစ်ပါတယ်"
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံသားတွေကသာ အဓိကကြိုးစား ဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံတကာအကူအညီတွေဆိုတာဟာလည်း အားလုံး ပြီးပြည့်စုံအောင်တော့ လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးအဖြစ် နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက်စောင့်ကြည့်ခွင့်ပြုခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။
သံအမတ်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပူတာအိုမြို့က လုံးစွတ်ရပ်ကွက်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သလို မြို့မိမြို့ဖတွေ၊ လူမှု အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။