လက်နက်ကိုင်ပဋိပက္ခ ခံစားနေရသူတွေအတွက် ယူရို ၃ သိန်း ထောက်ပံ့

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေ အတွက် ဥရောပသမဂ္ဂက မြန်မာငွေ ကျပ်သန်း ၆၀၀ ကျော် (ယူရို ၃ သိန်း) ပေးအပ် သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ မေလအတွင်းက တွေ့ရစဉ် Photo: CJ

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပ သမဂ္ဂက မြန်မာငွေ ကျပ်သန်း ၆၀၀ ကျော် (ယူရို ၃ သိန်း) ပေးအပ်သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန် ပါတယ်။

ဒီအကူအညီကို လက်နက်ကိုင်ပဋိပက္ခတွေ ခံစားနေရတဲ့ ဒေသတွေက လူပေါင်း ၁၅၀၀၀ ကျော်တို့အတွက် ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက ဥရောပသမဂ္ဂ လူထားချင်း စာနာထောက်ထားမှု အကူအညီ အစီအစဉ်ရဲ့ စီမံကြီးကြပ်သူ လုခ်ဗာနာ ကလည်း ပြင်းထန်လာတဲ့ စစ်ပွဲတွေကြောင့် အရင်ကတည်းက ထိခိုက်ခံစားရတဲ့ ပြည်သူတွေအပေါ် တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်လို့ ဆိုထားပါတယ်။

ဒီထောက်ပံ့ငွေတွေဟာ စစ်ဘေးရှောင်တွေ၊ နေရပ်ပြန်သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြေခံ ရှေးဦးသူနာပြုပစ္စည်တွေ၊ သန့်ရှင်းတဲ့ ရေနဲ့ မိလ္လာ အဆောက်အအုံတွေ၊ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးတွေ အတွက် အသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းကလည်း ဥရောပသမဂ္ဂက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မြန်မာနိုင်ငံ အတွက် ယူရို ၂၄ သန်းကို ပေးအပ်မယ်ဆိုပြီး စီစဉ်ထားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org