မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ယူရို ၁၄ သန်း EU ကူညီ
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီပံ့ပိုးတဲ့ အနေနဲ့ မြန်မာငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၃ ထောင်နဲ့ ညီမျှတဲ့ ယူရို ၁၄ သန်းကို ကူညီကြောင်း မြန်မာနဲ့ EU အကြား လက်မှတ်ရေးထိုး သဘောတူလိုက်ပါတယ်။
-
2018-07-10 -
-
-
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် EU ဥရောပသမဂ္ဂက ယူရိုငွေ ၁၄ သန်း အကူအညီပေးအပ်ရန် သဘောတူလက်မှတ်ရေးထိုးပွဲကို ၂ဝ၁၈ ဇူလိုင်လ ၁ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပစဉ်။
European Union in Myanmar
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီပံ့ပိုးတဲ့အနေနဲ့ မြန်မာငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၃ ထောင်နဲ့ ညီမျှတဲ့ ယူရို ၁၄ သန်းကို ကူညီကြောင်း မြန်မာနဲ့ EU အကြား ဒီနေ့ လက်မှတ်ရေးထိုး သဘောတူလိုက်ပါတယ်။
ဒီငွေတွေကို MyGovernanace နဲ့ Step2Democracy စီမံကိန်းတွေကနေ ထောက်ပံ့ပေးမှာ ဖြစ်ကြောင်း၊ ဒီစီမံကိန်းတွေဟာ မြန်မာနိုင်ငံက အဓိက အရေးပါတဲ့ လုပ်ငန်းရပ်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမြင့်တင်မှု၊ မူဝါဒ ချမှတ်ဆောင်ရွက်မှုနဲ့ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွေမှာ အသုံးပြုမယ်လို့ သိရပါတယ်။
ဒီလို EU ဘက်က ကူညီကြောင်း သဘောတူလက်မှတ်ရေးထိုးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး မြန်မာအစိုးရ ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာက ဦးထွန်းထွန်းနိုင်နဲ့ EU မြန်မာရုံးက ဖွံ့ဖြိုးရေး ပူးပေါင်းဆောက်ရွက်ရေးအဖွဲ့က ခေါင်းဆောင် Johann Hesse တို့ တက်ရောက်တယ်လို့ သိရပါတယ်။