EU က ကုန်သွယ်မှု ဦးစားပေးအဆင့် အဖြစ် မြန်မာနိုင်ငံကို ပြန်လည် သတ်မှတ်

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံကို ကုန်သွယ်မှု ဦးစားပေးအဆင့်အဖြစ် သောကြာနေ့ က ပြန်လည်သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးအခြေအနေ၊ အလုပ်သမားရေးရာနဲ့ တခြားလူမှုဆိုင်ရာနယ်ပယ်တွေမှာ တိုးတက်မှုတွေ ရရှိအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့အတွက် အခုလို ပြန်လည်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

သင်္ဘောဖြင့် နယ်မှ တင်ဆောင်လာသော ဆန်အိတ်များကို ဆိပ်ကမ်း ဂိုထောင်များသို့ သယ်ဆောင်နေသော ပခုံးထမ်း အလုပ်သမားများ ဖြစ်ပါသည်။ AFP

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံကို ကုန်သွယ်မှု ဦးစားပေးအဆင့်အဖြစ် သောကြာနေ့က ပြန်လည်သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ အလုပ်သမားရေးရာနဲ့ တခြားလူမှုဆိုင်ရာနယ်ပယ်တွေမှာ တိုးတက်မှုတွေရရှိအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့အတွက် အခုလို ပြန်လည်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

EU ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Karel De Gucht က နိုင်ငံရေးတည်ငြိမ်မှုအတွက် ကုန်သွယ်ရေးဟာ အခြေခံအထောက်အကူဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံးဈေးကွက်နဲ့ ဦးစားပေးချိတ်ဆက်ပေးမှာပါ၊ နိုင်ငံပိုင် ပုဂ္ဂလိပိုင် လုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေလည်း ရလာပါလိမ့်မယ်လို့ ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ EU က မြန်မာကို ကုန်သွယ်မှုဦးစားပေး နိုင်ငံစာရင်းက ရုတ်သိမ်းခဲ့ပါတယ်။

EU ရဲ့ ကုန်သွယ်မှု ဦးစားပေးအဆင့် ပြန်လည်သတ်မှတ်ခံရတဲ့အတွက် မြန်မာနိုင်ငံဟာ အခွန်ကင်းလွတ်ခွင့်စတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေ ခံစားနိုင်မှာဖြစ်ပါတယ်။

မနှစ်က မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ၁၇ ကြား ကုန်သွယ်မှုပမာဏဟာ ယူရိုငွေ ၁၆၄ သန်း သာရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org