ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ EU တိုက်တွန်း
မြန်မာနိုင်ငံမှာ အထူးတရားရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ် လေးနှစ်ထပ်တိုးချမှတ်လိုက်ခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်အရ ဖြစ်တာကြောင့် ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံတကာရေးရာနဲ့ လုံခြုံရေးပေါ်လစီဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Nabila Massrali ရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
- 2022-01-11
-
-
-
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ နေပြည်တော်မှာ ၂၀၂၁ မတ်လက ဆန္ဒပြစဥ်
AFP Photo
မြန်မာနိုင်ငံမှာ အထူးတရားရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် လေးနှစ်ထပ်တိုးချမှတ်လိုက်ခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်အရဖြစ်တာကြောင့် ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံတကာရေးရာနဲ့ လုံခြုံရေးပေါ်လစီဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Nabila Massrali ရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံက တစစီပြုတ်ကျပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို ပြသနေတာဖြစ်သလို၊ ဗြောင်ကျကျ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းတဲ့ အချိန်ကစပြီး ဒီမိုကရေစီစနစ် နောက်ကြောင်းပြန်သွားနေတာကို ပြသချက် နောက်တစ်ခုဖြစ်တယ်လို့ ရေးထားပါတယ်။
တဆက်တည်း စစ်ကောင်စီရဲ့ ဒီဆောင်ရွက်ချက်ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်နဲ့ NLDပါတီကို အာဆီယံအဖွဲ့ ရဲ့ အများသဘောတူတွေ့ဆုံဆွေးနွေးရေး မူငါးချက်ထဲမှာ မပါဝင်အောင် ပြုလုပ် တာဖြစ်တယ်လို့ ထောက်ပြထားသလို အာဏာသိမ်းကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။