တိုင်းရင်းသားများအတွက် ဥရောပ အမတ်များ တိုက်တွန်း
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်နဲ့ တခြား တိုင်းရင်းသားတွေမှာ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေတွေကို အီးယူဥရောပ ခေါင်းဆောင်တွေအနေနဲ့ လျစ်လျူရှုမနေပဲ လူသိရှင်ကြား ဆောင်ရွက်ပေးဖို့ ဥရောပ ပါလီမန်အမတ်တွေက မေလ ၂၃ ရက် မနေ့က တိုက်တွန်း လိုက်ကြပါတယ်။
-
2011-05-24 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ အီးယူ ဥရောပသမဂ္ဂအတွင်း မြန်မာနိုင်ငံအရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ EPCB အီးယူ ပါလီမန်အမတ်များအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဥရောပသမဂ္ဂအနေနဲ့ နှုတ်ဆိတ်မနေပဲ လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့နဲ့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တိုက်တွန်းတောင်းဆိုပေးဖို့ EPCB အဖွဲ့ဝင် အမတ်တွေက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအသီးသီးက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့တကွ အီးယူ နိုင်ငံခြားရေး ဆိုင်ရာ အကြီးအကဲ Baroness Ashton တို့ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ Mark Farmaner က ပြောသွားပါတယ်။
ဒါ့ပြင် ရှမ်းပြည်နယ်မှာ SSA မြောက်ပိုင်းတပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားပြီး နောက်ပိုင်း မြန်မာစစ်တပ်က ရှမ်းတိုင်းရင်းသူတွေအပေါ်အဓမ္မပြုကျင့်မှု၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်မှု၊ လုယက်မှု အခြေအနေတွေကို အထူး စိုးရိမ်ပူပန်မိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်လိုက်တဲ့ မြန်မာအာဏာရှင်အစိုးရနဲ့တကွ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှုတ်ဆိတ်နေကြတဲ့ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ အစိုးရတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း EPCB မြန်မာ့အရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အီးယူ ပါလီမန်အမတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို မြန်မာ့အရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ ကိုယ်စားပြုအဖွဲ့နဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေ မနေ့က တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ကိုစိုင်းထူးလင်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |