ဟားခါးမြို့ ရပ်ကွက်အများ စု ရွှေ့ပြောင်းရေး ပညာရှင်တွေ စစ်ဆေး

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ရပ်ကွက် ၅ ခုလောက်မြေပြိုတာ အက်ကြောင်း လိုက်နေတာတွေ ဖြစ်တဲ့အတွက် အဲဒီရပ်ကွက်တွေ ကို ပြောင်းရွှေ့ဖို့ဘူမိဗေဒပညာရှင်တွေက တိုင်းထွာစစ်ဆေး သွားမယ်လို့ သိရပါတယ်။

ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ် Photo: Chin World

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ ရပ်ကွက် ၅ ခုလောက်မြေပြိုတာ အက်ကြောင်း လိုက်နေတာတွေ ဖြစ်တဲ့အတွက် အဲဒီရပ်ကွက်တွေကို ပြောင်းရွှေ့ဖို့ ဘူမိဗေဒပညာရှင်တွေက တိုင်းထွာစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဟားခါးတစ်မြို့လုံးနီးပါး ပြောင်းရွှေ့ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ချင်းပြည်နယ်အစိုးရ စီမံဘဏ္ဍာရေး ဝန်ကြီး ဦးနန်ဇမုန်ကို မေးမြန်းရာ မှာ ပြောင်းရွှေ့ရမယ့်မြေနေရာ အနေအထား ခိုင်မာမှု ရှိ မရှိ ကို ပညာရှင်တွေနဲ့ အရင် စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

"ဘူမိဗေဒပညာရှင်တွေခေါ်ပြီးတော့ အခုမှဘယ်နေရာတွေလည်းဆိုတာ ကျနော်တို့ သိရတာတော့ မြေနေ ရာကောင်းတာတွေတော့ရှိတာပေါ့နော်၊ ဒါပေမယ့် အဲ့ဒါတွေ ကမြေခိုင်မာမှုရှိ၊ မရှိဆိုတာ သူတို့နဲ့ အခုမှ ဟားခါးရောက်တယ်ဆိုတော့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပြန်ကြည့်ရမှာပေါ့နော်"

ပြောင်းရွှေ့ဖို့ ဖြစ်နိုင်တဲ့ နေရာတွေကတော့ ဟားခါးမြို့ကနေ တီးတိန်ဖက် အထွက် လမ်းနဲ့ ဖလမ်းမြို့ဖက်ကို ထွက်တဲ့ လမ်းတွေနားမှာ ဖြစ်နိုင်တယ်လို့လည်း ဦးနန်ဇမုန်က ပြောပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်က ချင်းပြည်နယ် ဟားခါးနဲ့ တီးတိန်မြို့နယ်တွေမှာ မြေပြိုကျတာ ကြောင့် ဟားခါးမှာ အိမ်ခြေ ခုနှစ်ရာကျော်လောက် ပျက်စီးသွားပါတယ်လို့ သိရပါတယ်။

ဟားခါးမြို့ကိုသွားတဲ့စကားလမ်းတွေပါ ပျက်စီးသွားတာကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့ အတွက် ဒုက္ခသည်တွေထံ အကူအညီရောက်ဖို့ ခက်ခဲနေသလို ကုန်ဈေးနှုန်း တွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ဟားခါးမြို့ အခြေအနေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးနန်ဇမုန်ကို RFA သတင်းထောက် ကိုအောင်သိင်္ခ ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org