တိုက်လေယာဉ်နှစ်စင်း ပျက်ကျမှု၊ ဒေသခံ ကလေးတစ်ဦးသေဆုံး
မကွေးလေတပ်က F7 တိုက်လေယာဉ်အမျိုးအစားနှစ်စင်း ဒီနေ့မနက်က လေ့ကျင့်ပျံသန်းစဉ်မှာ မင်းဘူး-စကုမြို့ကြားမှာ ပျက်ကျခဲ့တာကြောင့် မောင်းနှင်သူ နှစ်ဦး သေဆုံးခဲ့သလို ဒေသခံ အလယ်တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-
2018-10-15 -

အဲဒီတိုက်လေယာဉ် နှစ်စင်းဟာ မကွေးလေတပ်က ဖြစ်ပြီး ရာသီဥတုမကောင်းတာကြောင့် ပျက်ကျခဲ့တာလို့ တပ်မတော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ပျက်ကျခဲ့တဲ့ တစ်စင်းက မင်းဘူးမြို့ ထပ်ဆင့်အသံလွှင့်စက်ရုံက တာဝါတိုင်ကို တိုက်မိပြီး တာဝါတိုင်အနီး၊ ဆားပွက်ချောင်းတံတားအနီးမှာ ပျက်ကျခဲ့တာဖြစ်ကာ ကျန်တဲ့ တစ်စင်းကတော့ စကုမြို့ သနပ်ပင်ကျေးရွာအနီးမှာ ပျက်ကျခဲ့တယ်လို့ မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည် က ပြောပါတယ်။
လေယာဉ်ပျက်ကျရာမှာ လေယာဉ်အပိုင်းအစ ထိမှန်မှုကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသူဟာ မင်းဘူးမြို့ အမှတ် ၁ ရပ်ကွက်ကဖြစ်ပြီး မင်းဘူးဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးသွားတာလို့ ဦးကျော်စွမ်းရည်က ပြောပါတယ်။