ရေဆိုးစွန့်ပစ်တဲ့ စက်ရုံတွေကို သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာနဲ့ ချောင်းဦး မြို့နယ်တွေရှိ ကြာဇံစက်ရုံတွေက စွန့်ပစ် တဲ့ ရေဆိုးတွေကြောင့် ချောင်းတွေ ထဲက ငါးတွေ အများအပြားသေဆုံးခဲ့တဲ့ အတွက် လုပ်ငန်းရှင်တွေ ကို ပြုပြင်ဖို့ သတိပေးထားတယ်လို့ စစ်ကိုင်းတိုင်း သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုက ဂရိတ်ဝေါလ်စက်ရုံရဲ့ ရေဆိုးတွေ မြစ်ထဲစွန့်ပစ်နေတာကို တွေ့ရစဉ် Photo: Ko Tint Wai/ Facebook

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်တွေရှိ ကြာဇံစက်ရုံတွေက စွန့်ပစ်တဲ့ ရေ ဆိုးတွေကြောင့် ချောင်းတွေထဲက ငါးတွေ အများအပြားသေဆုံးခဲ့တဲ့အတွက် လုပ်ငန်းရှင်တွေကို ပြုပြင်ဖို့ သတိပေးထားတယ်လို့ စစ်ကိုင်းတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ပြောပါတယ်။

လာမယ့် အောက်တိုဘာလကုန်အပြီး အနည်ထိုင်ကန်တွေလုပ်ဖို့ ပြောထားပြီး လိုက်နာမှု မရှိရင် ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ စစ်ကိုင်းတိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားမှူး ဦးသိန်းဌေး က ပြောပါတယ်။

"အောက်တိုဘာလကုန်အပြီးပေါ့၊ အနည်ထိုင်ကန်တွေနဲ့ စစ်ထုတ်ဖို့တော့ Target Date လေး ကျွန်တော်ပေးထားတယ်၊ ဒီကြားထဲလည်း ကျွန်တော်တို့က အခါအားလျှော်စွာပေါ့နော်၊ သူတို့ လုပ်နေတာလေးတွေ သွားကြည့်ပါမယ်၊ လိုက်နာမှုမရှိဘူးဆိုရင်တော့ ဥပဒေအရ ဆက်ပြီးတော့ တင်ပြသွားမှာပေါ့ဗျာ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တင်ပြမှာပါ "

လက်ရှိမှာ ချောင်းတွေထဲ စီးဝင်တဲ့ ရေနမူနာကို မန္တလေးဓာတ်ခွဲခန်းကို ပေးပို့ထားပြီး စစ်ဆေးနေတယ် လို့လည်း ပြောပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့နယ်မှာ ကြာဇံစက်ရုံ စုစုပေါင်း ၃၀ ကျော်ရှိပြီး စက်ရုံတွေက စွန့်ပစ်တဲ့ ရေဆိုးတွေဟာ အနံ့ဆိုးတွေထွက်နေပြီး ရေညစ်ညမ်းမှုတွေ ဖြစ်နေတာပါ။

ချောင်းရေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေအပြင် ချောင်းရေကို အသုံးပြုနေတဲ့ အနီး ပတ်ဝန်းကျင်ကျေးရွာတွေ ဟာ အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org