ကြေးနီစီမံကိန်းမှာ တရုတ်စက်ရုံတစ်ခု မီးလောင်

တရုတ်နိုင်ငံက မြန်မာယန်စီကုမ္ပဏီရဲ့ စပါယ်တောင်-ကြေးစင်တောင် ကြေးနီ စီမံကိန်းမှာ ကြေးထုတ်လုပ်မယ့် စက်ရုံ သစ်တစ်ခု မနေ့နေ့လည်က မီးလောင်ပြီး ပျက်စီးဆုံးရှုံး မှုတွေရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက မြန်မာယန်စီကုမ္ပဏီရဲ့ စပါယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းမှာ ကြေးထုတ်လုပ်မယ့် စက်ရုံသစ်တစ်ခု မနေ့နေ့လည်က မီးလောင်ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ သိရပါတယ်။

အမည်မဖေါ်လိုသူ မြန်မာအရာရှိတစ်ဦးရဲ့ ပြောဆိုချက်အရ အရင်ကရှိခဲ့တဲ့ အိုင်ဗင်ဟိုကုမ္ပဏီက စက်ရုံတွေဟောင်းနေပြီဖြစ်တဲ့အတွက် တရုတ်အင်ဂျင်နီယာတွေက စက်ရုံသစ်ဆောက်ပြီး စမ်းသပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ကြေးထုတ်လုပ်တဲ့အဆင့် မရောက်သေးခင်မှာ အခုလို မီးလောင်တာလို့သိရပါတယ်။

ဝန်ထမ်းတွေနေ့လည်စာနားချိန်အတွင်း မီးလောင်တဲ့အတွက်လဲ လူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ဘာကြောင့်မီးလောင်တယ်၊ ဘယ်လောက်ဆုံးရှုံးမှုရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မီးလောင်နေချိန်မှာ ရဲတပ်ဖွဲ့ရော အခြားဌာနဆိုင်ရာတွေ ပါဝင်ခွင့်မပေးပဲ တားမြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီစပါယ်တောင်-ကြေးစင်တောင် ကြေးနီထုတ်လုပ်ရေးကို အရင်က ကနေဒါ အိုင်ဗင်ဟို ကုမ္ပဏီက ဆောင် ရွက်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကြောင့် အိုင်ဗင်ဟိုကုမ္ပဏီ ပြန်ထွက်မယ့်အခါ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီက လျော်ကြေးပေးပြီး ဝယ်ယူဖို့အတွက် အဲဒီလျော်ကြေးငွေကို တရုတ်ကုမ္ပဏီက စိုက်ထုတ်ပေးခဲ့တာဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်ပိုင်ယန်စီကုမ္ပဏီက လုပ်ပိုင်ခွင့်ရလို့ ကြေးနီထုတ်လုပ်နေပြီဖြစ်သလို၊ ပြည်ပကုမ္ပဏီတွေ ကို ပေးထားတဲ့အခွင့်အလမ်းအတိုင်း ပထမသုံးနှစ်အတွက် အခွန်ပေးဆောင်စရာမလိုပဲ ဆောင်ရွက်ခွင့် ရနေတာလို့လည်း သိရပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေယာသိမ်းခံရတဲ့တောင်သူတွေကို နစ်နာကြေးပေးဖို့ မနေ့က ရွှေလှေကျေးရွာကို သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ နဲ့ မြန်မာဝန်ထမ်းတွေပါဝင်တဲ့ ကုမ္ပဏီတာဝန်ရှိသူ  ဒေသခံတွေနဲ့ အချင်းများပြီး ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေတွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org