ဒေးဒရဲ လယ်သမား NLD ကူညီ

ဒေးဒရဲမြို့နယ် စဉ့်ကူးကျေးရွာမှာ ဒေသခံ လယ်သမားတွေကို ဆန်စက်ပိုင် လုပ်ငန်းရှင် တဦးက လယ်ယာသုံး ပစ္စည်းတွေကို အတိုးနှုန်း များများနဲ့ အကြွေးချပေးပြီး၊ ငွေပြန်မဆပ်နိုင်တဲ့အခါ လယ်သိမ်းတာ၊ သီးစား ပြန်ချထားတာတွေ လုပ်နေပြီး လယ်သမားတွေ တရားစွဲတဲ့အခါမှာလည်း သက်ဆိုင်ရာက အရေးယူတာ မရှိကြောင်း သိရပါတယ်။

လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP) AFP

ဒါကြောင့် လယ်သမားတွေက NLD ကို သွားရောက် တင်ပြတဲ့ အတွက် NLD အဖွဲ့ချုပ် အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ ဦးသက်ဝေက ရန်ကုန်မြို့ ILO ရုံးမှာ ဒီနေ့တင်ပြလိုက်ပါတယ်။

အခုဖြစ်ရပ်ဟာ ၁၉၆၃ ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ မကိုက်ညီတဲ့ အကြောင်းနဲ့ အခုလို လယ်သိမ်းခံထားရသူ (၂၀) ကျော် အဲဒီဒေသမှာ ရှိနေတယ်လို့ ဦးသက်ဝေက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ကနေ ပြီးခဲ့တဲ့ သတင်းပတ်တွေ အတွင်းက အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ လယ်လုပ်ပိုင်ခွင့် ရပြီးရင် ကြေးတိုင်နဲ့ မြေစာရင်းကို သွားပြီး မှတ်ပုံတင်ခွင့် ရှိမှာဖြစ်ပြီး မှတ်ပုံတင်ခွင့် ရသွားပြီဆိုရင် အဲဒီလယ်ယာမြေကို လွှဲပြောင်းပိုင်ခွင့်၊ ဘဏ်မှာ ပေါင်နှံပြီး လယ်ယာအတွက် လိုအပ်တဲ့ ချေးငွေ ထုတ်ယူခွင့် ရှိမှာ ဖြစ်ကြောင်း လွှတ်တော်အမတ်တဦး က RFA ကို ပြောပါတယ်။

ဒီအကြောင်း ကိုနေရိန်ကျော် စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org