ငွေလဲကောင်တာမှာ သေနတ်နဲ့ပစ်ပြီး ဓားပြတိုက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်က Ocean စူပါမားကတ် အနီးက Farmer ငွေလဲ ကောင်တာမှာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ ၉ မိုင်က Ocean စူပါမားကတ်အနီးက Farmer ငွေလဲကောင်တာမှာ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ် .

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်က Ocean စူပါမားကတ် အနီးက Farmer ငွေလဲကောင်တာမှာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် လူတွေထိခိုက်မှုမရှိသလို လုံခြုံရေးဝန်ထမ်းတွေ ရောက်လာတဲ့ အတွက် ဓါးပြတွေထွက်ပြေးသွားပြီး ငွေကြေးတွေလည်းပါမသွားဘူးလို့  Farmer ကုမ္ပဏီ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

"မနက်က ၈ နာရီ ၄၅ လောက်က လူ ၂ ယောက်လာပြီး ငွေလာလဲတယ်၊ မျက်နှာတွေကို Mark တွေ တပ်ထားတယ်ပေါ့နော်၊  ဒေါ်လာ ၃၀ လဲဖို့ သူတို့က လုပ်တယ်၊ လုပ်ပြီးတော့မှ ပိုက်ဆံတောင်း တယ်၊ တောင်းတဲ့အချိန်မှာ သေနတ်ထုတ်လိုက်တယ်၊ ထုတ်လိုက်တဲ့အချိန်မှာ ဝန်ထမ်းတွေက အထဲကို ဝင်ပြေးသွားတယ်ပေါ့နော်၊ ဝင်ပြေးသွားတဲ့အချိန်မှာ သေနတ်နဲ့ပစ်လိုက်တယ်ပေါ့နော်၊ လူကိုတော့ ပစ်တာမဟုတ်ဘူး၊ လုံခြုံရေးဝန်ထမ်းလာတော့ သူတို့က ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်၊ ငွေတော့ပါ မသွားဘူးပေါ့နော်"

ဒေါ်လာ ၃၀ ကို လာလဲသူ ၂ ဦးက ငွေလဲပြီးချိန်မှာ သေနတ်ထုတ်ပြီး အတွင်းတံခါးဖွင့်ခိုင်းတာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ငွေလဲကောင်တာမှာ အမျိုးသမီးဝန်ထမ်း ၃ ယောက် သာရှိတယ်လို့လည်း သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်မှုကြောင့် ငွေလဲကောင်တာက ဘုရားပန်းချီကားနဲ့ ပရိဘောဂတချို့ ပျက်စီးသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီကနေ့ နေ့ လည်ပိုင်းအထိ ဆက်သွယ်လို့မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org