ချေးငွေမဆပ်နိုင် လယ်သမား ၃၀ ကျော် ဖမ်းဆီးချုပ်နှောင်ထား
ဦးပိုင် ကုမ္ပဏီက ထုတ်ပေးတဲ့ စိုက်ပျိုး စရိတ် ချေးငွေ ပြန်မဆပ် နိုင်သေးတဲ့ ဧရာဝတီတိုင်း ဒေးဒရဲ မြို့နယ် ထဲက လယ်သမား အယောက် ၃၀ ကျော်ကို နောက်ပြန်တိုးရွာ တန်တရာ ဆန်စက်ထဲမှာ ဖမ်းဆီး ချုပ်နှောင် ထားတယ်လို့ သတင်းရရှိ ပါတယ်။
-
2011-08-09 -
-
-
လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
စစ်တပ် အရာရှိဟောင်းတွေ တည်ထောင်ထားတဲ့ ဦးပိုင် ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် မိုးစပါး နွေးစပါးအတွက် အဲဒီ ဒေသက လယ်သမားတွေကို တဧက ၂ သောင်းနှုန်း
ကနေ ၅ သောင်းနှုန်းထိ ထုတ်ချေးပေးခဲ့ပြီး၊ ဒီနှစ် စပါးပေါ်ချိန်မှာ ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအထွက် မကောင်းတဲ့ အတွက် လယ်သမား တွေက
ပြန်မဆပ် နိုင်သေးတဲ့ အချိန်မှာ အစည်းအဝေး ခေါ်လိုက်ပြီး တခါတည်း ဖမ်းဆီး ထားလိုက်တာပါ။
စဖမ်းချိန်က စုစုပေါင်း လယ်သမား အယောက် တရာကျော် ဖြစ်ပြီး နောက်ပိုင်းမှာ ငွေပေးပြီး ရွေးထုတ်လို့ တချို့တဝက် ပြန်လွတ် သွားကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံတဦးက RFA ကို အခုလိုပြောပါတယ်။
“လယ်သမားတွေကို ဦးပိုင်ငွေက မနှစ်က ထုတ်ချေးထားတာ။ လယ်ကမထွက်တော့ ပြန်မပေးနိုင်ဘူး။ အဲဒါကို အစည်းအဝေးခေါ်ပြီး ဂိုဒေါင်ထဲမှာ
ဖမ်းထားလိုက်တာပဲ”
အဖမ်းခံလိုက် ရတဲ့ လယ်သမားတွေ အင်းထူး၊ မှော်အိုင်၊ သောကြာ၊ ကဒါ၊ ကုန်းတန်းကြီး၊ အတယ်ကြီး၊ မှော်ဘီစု၊ သဲကုန်း၊ တော်လှ ရွာတွေကပါ။ သူတို့ အနေနဲ့
စိုက်ပျိုးစရိတ် ချေးငွေရဖို့ အတွက် အဲဒီ ကာလက ရွာဥက္ကဌကို ငွေပေး ရသေးတယ်လို့ စောစောက အမျိုးသမီးက ပြောပါတယ်။
“ချေးငွေ ထုတ်ပေးတုန်းကလည်း အပြည့်အ၀ ရတာမဟုတ်ဘူး။ တဧကကို ၂ သောင်းဆိုပေမယ့် ရပ်ရွာ ဥက္ကဌကို တဧက ၂ ထောင် ပေးရတယ်။
စာရွက်စာတမ်းကြေးက ၁ ထောင်ပေးရသေးတယ်”
မလွတ်မြောက်သေးဘဲ ကျန်နေတဲ့ လယ်သမားတွေကို အချုပ်ထဲမှာ စားသောက်ဖို့ မိသားစုတွေက သွားပို့ ရသလို တချို့ ဝယ်စားရတယ်လို့ ဆိုပါတယ်။
ဝယ်မစားနိုင်တဲ့ တချို့လယ်သမားတွေ အတွက် စားသောက်စရာ အခက်အခဲ ဖြစ်နေတယ် လို့လဲ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လယ်သမားတွေက ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တွေကို ဒီနေ့ သွားရောက် တင်ပြ လိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင် နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |