ရထားလမ်းကြောင့် သီးနှံပျက်စီး မှု ဒေသခံများ လျော်ကြေးတောင်း

မကွေးမြို့နယ် ကြာကန်ကျေးရွာမှာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မီးရထား လမ်းဖောက်လုပ်စဉ် သီးနှံတွေ ပျက်စီး ခဲ့တာကြောင့် လျော်ကြေးရရှိဖို့ ဒေသခံ ၃၀ လောက်က ကြာကန်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

မြေယာလျော်ကြေးရဖို့ မေလ ၂၁ ရက်နေ့က မကွေးမြို့နယ် က ဒေသခံတွေ ဆန္ဒပြစဉ်

မကွေးမြို့နယ် ကြာကန်ကျေးရွာမှာ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ မီးရထားလမ်း ဖောက်လုပ်စဉ် သီးနှံတွေ ပျက်စီးခဲ့ တာကြောင့် လျော်ကြေးရရှိဖို့ ဒေသခံ ၃၀ လောက်က ကြာကန်ကျေးရွာမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေထဲက သီးနှံတွေအတွက် အခုချိန် ထိ လျော်ကြေးမရသေးတာကြောင့် တောင်းဆို တာဖြစ်တယ်လို့ ကြာကန်ကျေးရွာသား ကိုဇော်မင်းထိုက် က ပြောပါတယ်။

"မကွေး၊ နတ်မောက် လမ်းကြောင်းတလျှောက်မှာ ၂ဝဝ၇ ခုနှစ်က ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်ဖောက်လုပ် သွားပါတယ်၊ အဲ့လိုဖောက်လုပ်ရာမှာ ကျနော် တို့ မြစ်အနောက်ဖက်မှာ လျော်ကြေးငွေတွေ ပေးပေ မယ့်လို့ ကျနော်တို့ဖက်မှာ မပေးသေးပါဘူး၊ ကျနော်တု့ိ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေအတွက် ဒီနေ့ အထိ လျော်ကြေးပေးခြင်းမရှိလို့ ဆန္ဒပြတာပါ"

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က မကွေး၊ နတ်မောက် လမ်းတစ်လျှောက်မှာ ဖောက်လုပ်သွားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း နဲ့ ၂၀၁၀ ခုနှစ်မှာ ဖောက်လုပ်တဲ့ မီးရထားလမ်းစီမံကိန်းကြောင့် ကြာကန်ကျေးရွာအပြင် ရွာသစ်ကြီး၊ ညောင် ပင်သာ၊ အင်းကုန်း၊ မယ်လတောင်၊ လိပ်ကန်၊ ညောင်ကန် စတဲ့ရွာ ၂၀ လောက်က ဧက ၃၀၀၀ နီးပါးက သီးနှံတွေ ပျက်စီဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ့ရွာ ၂၀ ထဲက ရွာသစ်ကြီး၊ ညောင်ပင်သာနဲ့ ကုန်းကြီးရွာတွေက ဧက ၂၀၀ လောက်အတွက် တစ်ဧကကို ကျပ် ၈ သိန်းနှုန်းနဲ့ လျော်ကြေးရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org