လယ်မြေအငြင်းပွား မှုတွေ ဆွေးနွေးဖြေရှင်းဖို့ တိုက်တွန်း

မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒပြလယ်သမားတွေ ဖမ်းဆီးထောင်ချခံရမှုတွေနဲ့ လောလော ဆယ်ပေါ်ပေါက်နေတဲ့ လယ်ယာမြေ အငြင်းပွားမှုပြဿ နာတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အတွက် အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကနေ ပူးတွဲကောင်မတီတစ်ရပ် ဖွဲ့စည်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်း က တိုက်တွန်းလိုက် ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာက ဒေသခံတောင် သူတွေဟာ သိမ်းဆည်းခံလယ်ယာမြေများ လျော်ကြေးပြန် လည်ရရှိဖို့ ဇွန်လ ၂၈ ရက်နေ့က မင်းရဲကျော်စွာလမ်း တလျှောက် ချီတက်ဆန္ဒပြနေကြစဉ် photo: RFA/ Sai Tun Aung Lwin

မြန်မာနိုင်ငံတစ်ဝှမ်း ဆန္ဒပြလယ်သမားတွေ ဖမ်းဆီးထောင်ချခံရမှုတွေနဲ့ လောလော ဆယ် ပေါ်ပေါက်နေတဲ့ လယ်ယာမြေ အငြင်းပွား မှုပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်း ဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကနေ ပူးတွဲကော်မတီ တစ်ရပ် ဖွဲ့စည်းလုပ်ဆောင်သွားဖို့ လိုအပ်တယ် လို့ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက တိုက်တွန်းလိုက်ပါတယ်။

မြေယာသိမ်းဆည်းခံရမှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ လွှတ်တော်က ကော်မတီဖွဲ့စည်းဆောင်ရွက်နေပေမယ့် ထိရောက်မှုမရှိတဲ့အတွက် အခုလို တိုက်တွန်းရတာဖြစ် တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက RFA ကို  အခုလိုပြော တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လယ်လုပ်သူ လယ်ပိုင်ခွင့်ဥပဒေလို လယ်သမားတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ အခိုင်အမာရှိနေတဲ့ကြားက နိုင်ငံတဝှမ်းမှာ အခုလို လယ်ယာသိမ်းခံရမှုတွေ ပေါ်ပေါက်နေခဲ့တာဖြစ်တယ် လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လယ်မဲ့ယာမဲ့တွေများလာတဲ့အတွက် လယ်ယာလုပ်ငန်းစွန့်ခွာသူများပြားလာတာ၊ ဆန်တင် ပို့ရောင်းချ တဲ့ နိုင်ငံအဖြစ်ကနေ ဆန်တင်သွင်းဝယ်ယူရတဲ့နိုင်ငံဖြစ်လာမယ့် အလားအလာတွေ ပေါ်ပေါက် လာတာ၊ ဆင်းရဲမွဲတေမှုနဲ့ လူမှုစီးပွားဘ၀ ထိခိုက်ပျက်စီးမှုကြောင့် နိုင်ငံရဲ့ဝင်ငွေ GDP ဆုတ်ယုတ်မယ့် အလား အလားတွေ ပေါ်ပေါက်လာနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ထောက်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ စာရင်းအရ မြန်မာနိုင်ငံ တဝှမ်းက လယ်ယာအငြင်းပွားမှု ၇၄၀ ကျော်မှာ စစ်တပ်က သိမ်းယူထားတဲ့အမှု ၅၆၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

အခုလို မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြလယ်သမားတွေ ဖမ်းဆီးထောင်ချခံရမှုအပါအဝင်  လတ်တလောပေါ်ပေါက်နေ တဲ့ လယ်ယာမြေအငြင်းပွားမှုပြဿနာတွေ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org