တပ်သိမ်းမြေ ဧက ၃၀၀၀ ကျော် မကြာခင် ဝင်ရောက်စိုက်ပျိုးမည်
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာမှာ နှစ် ၄၀ ကျော် ကြာ တပ်မြေအဖြစ် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သုံးထောင်ကျော်အတွင်း ဒေသခံလယ် သမားတွေက ဝင်ရောက်စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
-
2014-10-12 -
-
-
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေး ရွာမှာ နှစ် ၄၀ ကျော်ကြာ တပ်မြေအဖြစ် သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေဧက သုံးထောင်ကျော်အ တွင်း ဒေသခံလယ်သမားတွေက ဝင်ရောက်စိုက်ပျိုး သွားမယ်လို့ သိရပါတယ်။
အဲဒီ လယ်ဧက ၃ဝဝဝ ကျော်အနက် ဧက ၂ဝဝဝ လောက်မှာ တပ်မတော်က ကြံတွေစိုက်ပျိုးထား ပြီး အဲဒီကြံပင်တွေကို အချိုန်တန်လို့ခုတ်လှဲပြီးတဲ့အခါမှာ လယ်သမားတွေက ဝင်ရောက်စိုက်ပျိုးဖို့ စီစဉ်ထားကြ တာဖြစ်တယ်လို့ ညောင်ဝန်းရွာသား ဦးမျိုးသိန်း က ပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၁၄ရက်နေ့က ညောင်ဝန်းကျေးရွာ လယ်မြေပိုင်ဆိုင်မှုအပေါ် မြို့နယ်ရဲတပ်ဖဲ့ွနဲ့ ဒေသခံတွေ အကြား အငြင်းပွားမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၉ ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုမှာပါဝင်သူတွေကို အရေးယူပေးဖို့နဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ ဒေသခံတွေက စက်တင်ဘာလကုန်မှာ ဆန္ဒပြခဲ့ကြတဲ့အတွက် စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားတွေကို ဒီလဆန်းမှာ လာရောက်တွေ့ဆုံပြီး လယ်ယာမြေဧက ၃ဝဝဝ ကျော်ထဲက ၇၅ ဧကကို ပြန်ပေးမှာဖြစ်ကြောင်းနဲ့ ပျက်စီးခဲ့ တဲ့ နေအိမ်တစ်လုံးအတွက် လျော်ကြေးအဖြစ် ကျပ် လေးသိန်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဒေသခံတွေ က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။