တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး အစည်းအဝေးကျင်းပ

တောင်သူလယ်သမားများ အကျိုးစီးပွားကာ ကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းရေးဆွဲရေးကော်မတီတို့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။

မေလ ၂၀ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်လာစဉ် Photo: RFA/ Win Naung Toe

တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေးကော်မတီတို့  ဒီကနေ့ နေ့လည်က နေပြည်တော်မှာ အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

လယ်သမားတွေအနေနဲ့ သင့်တင့်တဲ့ဈေးနှုန်းရရှိအောင်ဆောင်ရွက်ဖို့၊ နည်းပညာပိုင်းဆိုင်ရာတွေ ချေးငွေတွေကို အချိန်မီနှစ်တိုနှစ်ရှည်နဲ့ ကာလတစ်ခုသတ်မှတ်ထုတ်ပေးဖို့ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်မှာကျင်းပတဲ့ ဒီအစည်းအဝေးကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ သိမ်းဆည်းခံလယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မတီနဲ့ ပြည်သူ့လွှတ်တော်ရေးရာကော် မတီဝင်များအပါအဝင် ပြင်ပပညာရှင်များ၊ စက်မှုလက်မှုကုန်သည်အသင်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်းကို ဒေါ်ခင်ခင်အိက ဦးစိန်ဝင်းဟန်နဲ့ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org