လယ်သမားအရေး ကူညီသူတစ်ဦး မန္တလေးမြို့မှာ ဖမ်းဆီးခံရ

အထက်မြန်မာပြည်ဘက်မှာ လယ်သမား အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေ တဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် FNIFL အဖွဲ့ က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည် နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာ လ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း တည်ဆောက်ဖို့ ရေကြည်ညောင်ပင်စံပြကျေးရွာကနေ သိမ်းယူခဲ့တဲ့မြေတွေအပေါ်မှာ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်သူတွေ ထွန်ယက်ကြစဉ် Photo: Nay Thwae/RFA

အထက်မြန်မာပြည်ဘက်မှာ လယ်သမားအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ လယ်သမားအလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက် (FNIFL) အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာမှာ အောက်တိုဘာလ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

သူဟာ လယ်သမားတွေကို ကူညီလို့ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုခံထားရသလို၊ ပြီးခဲ့တဲ့ သတင်းပတ်ကဖြစ်ခဲ့တဲ့ ရေတံခွန်ဂေါက်ကွင်းရဲ့ ပိုလျှံလယ်မြေမှာ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ လယ်သမားတွေ ကို ကူညီခဲ့ပါတယ်။ အဲဒီလိုကူညီတဲ့အတွက် မန္တလေးတိုင်းအစိုးရက ဖမ်းဆီးခံလိုက်ရတာလို့ လယ်သမား အလုပ်သမား အကျိုးစီးပွား ကူညီဆောင်ရွက်သူများကွန်ရက်ရဲ့ အထက်မြန်မာပြည်ခေါင်းဆောင် ဦးကိုကြီးက RFA ကိုပြောပါတယ်။

"ကျနော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်း ကို ရေတံခွန်ဂေါက်ကွင်း ထွန်တုံးတိုက်ပွဲနဲ့ ပတ်သက်ပြီး အငြိုးအတေးပြုပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အမိန့်နဲ့ ဖမ်းခံရတယ်လို့ သိနေပါတယ်"

ကိုမျိုးဝင်းနဲ့အတူ လယ်သမား ၅ ယောက်ကိုလည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတွေနဲ့ တရားစွဲထားတာရှိပါတယ်။ အခုတော့ ကိုမျိုးဝင်းကို မန္တလေး အိုးဘိုအကျဉ်းထောင်ကို ပို့ထားတယ်လို့ သိရပါတယ်။

ဦးကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org