သိမ်းဆည်းခံ လယ်မြေပြန်ရရေး လယ်သမား ဆွေးနွေး ပွဲ တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ၆ ခုမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ကို ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ ၇ ဦးကို လွှတ်ပေးဖို့ ကလေးမြို့မှာ ဒီကနေ့ကျင်းပတဲ့ တောင်သူ လယ်သမား ဆွေးနွေးပွဲကနေ တောင်းဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် ၆ ခုမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံထားရ တဲ့ တောင်သူ ၇ ဦးကိုလွှတ်ပေးဖို့ ကလေးမြို့မှာ ဒီကနေ့ကျင်းပတဲ့ တောင်သူလယ်သမား ဆွေးနွေးပွဲ ကနေ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးထောင်ချခံရသူတွေရဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ ဒီဆွေးနွေးပွဲကနေ တောင်းဆိုကြောင်း ဆွေးနွေး ပွဲဖြစ်မြောက်ဖို့ စီစဉ်သူတစ်ဦးဖြစ်သူ "တမူးချင်းတွင်းလူငယ်ကွန်ရက်" အဖွဲ့ဝင် ကိုကျော်သက်ဝင်းက  ပြော ပါတယ်။

"အဓိကတော့ ကျေးလက်ဒေသတစ်လျှောက်လုံးမှာရှိတဲ့ လယ်ယာမြေ သိမ်းဆည်းမှှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ တိုင်ကြားထားတဲ့စာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ ဒါပြီးရင် ဒီဖက်မှာရှိခဲ့တဲ့ တပ်မတော်ကနေ စွန့်လွှတ်လိုက်တဲ့မြေတွေမှာ ပွင့်လင်းမြင်သာမှှုရှိပါလျက်နဲ့ မူလပိုင်ရှင်တွေလက်ထဲကို ပြန်ရဖို့ရယ်၊ ဖမ်းဆီးထားတဲ့ ပြစ်ဒဏ်ကျနေတဲ့ တောင်သူလယ်သမားတွေကို အမြန်ဆုံး ဒီဘက်ကနေပြီးမှ ဥပဒေလမ်းကြောင်းအရ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ ဥပဒေအရတရားစွဲ ထားတဲ့ ကိစ္စတွေကိုလည်း ဖြေလျော့ပေးဖို့ ကျနော်တောင်းဆိုတယ်ဗျ၊ ဒီဘက်က ခရိုင်ရုံးတွေအားလုံးရယ် ကျနော်တို့ ဒီဘက်မှာရှိတဲ့ ဗန်းမော်ဒေသပေါ့နော်၊ ဒီဘက်မှာရှိတဲ့ နယ်စပ်မြို့တွေ အားလုံးကို တောင်းဆို ရမှာဗျ"

ကလေး၊ တမူး၊ မော်လိုက်နဲ့ ခန္တီး စတဲ့ခရိုင် ၆ ခုမှာ တပ်မတော်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက တစ်ထောင်နီးပါး ရှိနေပြီး အဲ့ဒီလယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့အတွက် တရားစွဲခံထားရတဲ့ တောင်သူ ၇ ဦးရှိတယ်လို့ သိရပါတယ်။

တောင်သူလယ်သမားဖိုရမ်ကို ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တောင်သူလယ်သမားသမဂ္ဂတွေ၊ ဒေသ ခံတောင်သူတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်း ၅ဝ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org