စစ်တွေမြို့နယ်မှာ သားဖနှစ်ဦး စလုံး ရွေးကောက်ပွဲအနိုင်ရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ ရခိုင်အမျိုးသား သားအဖ ၂ ဦးစလုံး ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပါတယ်။

စစ်တွေမြို့နယ်မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေစိန်အောင်( အဖေ ) ကို နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသား သားအဖ ၂ ဦးစလုံး ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပါတယ်။

စစ်တွေမြို့နယ်မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေစိန်အောင်နဲ့ မဲဆန္ဒနယ် အမှတ် (၂) ကနေ တစ်သီးပုဂ္ဂလပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်တဲ့ ဦးကျော်ဇောဦးတို့ဟာ သားအဖ နှစ်ယောက် ဖြစ်ပြီး နှစ်ဦးလုံး မဲအနိုင်ရရှိခဲ့ပါတယ်။

ဦးဝေစိန်အောင်မှာ ရခိုင်အမျိုးသားပါတီကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဦးကျော်ဇောဦးကတော့ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပေမယ့် ပါတီတွင်း ပြဿနာတွေကြောင့် နှုတ်ထွက်လိုက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ ၄ ခုလုံးကို ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org