သထုံနဲ့ ဘီးလင်းက တိုက်ပွဲမှာ နှစ်ရက်အတွင်း စစ်တပ်ဘက်က ကိုးယောက် သေ

မွန်ပြည်နယ်၊ သထုံနဲ့ ဘီးလင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နှစ်ရက်အတွင်း စစ်သား ကိုးယောက် သေပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

လေးကေ့ကော်မြို့သစ် ဗျူးပွိုင့်အနောက်ဘက် ရသေ့ဂူကျေးရွာကို ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရစဉ် Photo: Karen Information Center -KIC

မွန်ပြည်နယ်၊ သထုံနဲ့ ဘီးလင်းမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က နှစ်ရက်အတွင်း စစ်သား ကိုးယောက် သေပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က သထုံမြို့နယ်၊ မောကလိုးရွာအနီးမှာ၊ ဒီဇင်ဘာ ၂၀ ရက်က မင်းလွင်ကျေးနယ်အုပ်စု၊ ဝမ်းဘဲအင်းတောင်ခြေနဲ့ ဘီးလင်းမြို့နယ်၊ နိုဘယ်ဘောကျေးနယ်အုပ်စု၊ လေးခေါ့ထေရွာအနီးတို့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာလည်း ဒီဇင်ဘာ ၃၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေက ထိခိုက်၊ သေဆုံးသူတွေကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေခဲ့တဲ့ မြဝတီမြို့နယ်ထဲက လေးကေ့ကော်မြို့သစ်တဝိုက်မှာ ဒီနေ့ မနက်ပိုင်းကလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org