မြန်မာနိုင်ငံတဝှမ်း မီးလောင်မှုတွေ ဆက်လက်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် က ဂွဈေးအနီးမှာ ဒီနေ့ မီးလောင်ကျွမ်းမှုဖြစ် ပွားရာ အိမ် ၁၂ လုံး ပျက်စီးခဲ့ပြီး တန်ဖိုး ကျပ် ၁၆၇ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဂွဈေးအနီးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့အိမ်ကို တွေ့ရစဉ် Photo: Myanmar Fire Services Department Facebook

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်က ဂွဈေးအနီးမှာ ဒီနေ့ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အိမ် ၁၂ လုံး ပျက်စီးခဲ့ပြီး တန်ဖိုး ကျပ် ၁၆၇ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဂွဈေးအနီးမှာရှိတဲ့ ကုန်စုံဆိုင်အိမ်ကနေ မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းက တပ်ကြပ်ကြီး အောင်မင်းဇော်က ပြောပါတယ်။

"အိမ်ခြေ ၁၂ လုံးနဲ့ တခြမ်းပေါ့၊ ရိုးရိုးအိမ်လည်းပါတယ်၊ ဈေးရောင်းတဲ့အိမ်လည်းပါတယ်၊ စလောင်တာက ကုန်စုံဆိုင်ကစလောင်တယ်၊ ထမင်းအိုးတယ်တဲ့ နေရာကနေပြီးတော့ နံရံကူးစက်လောင်ကျွမ်းတာ"

မနက် ၁၀ နာရီလောက်ကနေ ညနေ ၃နာရီကျော်အထိ ရန်ကုန်တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၆၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့အိမ်ပိုင်ရှင်ကို အမှုဖွင့်ထားပြီး မီးလောင်ခဲ့တဲ့နေရာတဝိုက်ကို လုံခြုံရေးချထားတယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာပဲ မရမ်းကုန် ၁၀ ရပ်ကွက် ကန်ရိပ်သာလမ်း၊ မုံရွာမြို့ သီရိရတနာဈေးနဲ့ သရက်မြို့ စခန်းကြီး ရေနံမှော် တို့မှာလဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org