တောင်ကြီးမီးပုံးပျံပွဲမှာ မီးပုံးပျက်ကျ၊ ၁၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေဆဲ တန်ဆောင်တိုင်ပွဲတော်မှာ မနေ့ည သန်းခေါင်လောက်က မီးပုံးပျံ တစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့ အတွက် လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေဆဲ တန်ဆောင်တိုင်ပွဲတော်မှာ မနေ့ည သန်းခေါင်လောက်က မီးပုံးပျံတစ်ခုဟာ အမြင့်ပေ ၂၀၀ လောက်ကနေ ပျက်ကျသွားခဲ့တဲ့အတွက် လာရောက်ကြည့်ရှုသူတွေထဲက ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးဟာ တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အဲဒီအထဲက ၅ ဦးဟာ အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ ၁၂ ဦးက တောင်ကြီးဒေသခံတွေဖြစ်ပြီး၊ ၂ ဦးကတော့ ရန်ကုန်ကနေ လာရောက်သူတွေ ဖြစ်ပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org