ချင်းညီနောင်တွေကိုစာနာကြောင်း ရခိုင်နဲ့ မြောက်ပိုင်းမဟာမိတ်တွေ ကြေညာ

ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်အဆောက်အအုံတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်လို့ မီးလောင်ပျက်စီး ရတဲ့အတွက် ညီနောင်ချင်းလူမျိုးတွေနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းရကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က နိုဝင်ဘာလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ထန်တလန်မြို့က မီးလောင်ထားတဲ့ အဆောက်အအုံတွေကို တွေ့ရစဉ် Photo: The Chinland Post

ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်အဆောက်အအုံတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်ကောင်စီ က ပစ်ခတ်တိုက်ခိုက်လို့ မီးလောင်ပျက်စီးရတဲ့အတွက် ညီနောင်ချင်းလူမျိုးတွေနဲ့အတူ ထပ်တူ ကြေကွဲ ဝမ်းနည်းရကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က မနေ့က နိုဝင်ဘာလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အလားတူ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်တဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA၊ တအာင်း လွတ်မြောက်ရေး တပ်မတော် PSLF နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ကလည်း မြန်မာ့တပ်မတော်ဟာ ထန်တလန် က လုပ်ရပ်မျိုးကို အရင်နှစ်ကာလတွေကလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့အကြောင်း၊ အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့အကြောင်းနဲ့ အဖိနှိပ်ခံများအားလုံး တစ်သွေးတစ်သားတည်း ရှိကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

ဒီအတောအတွင်းမှာပဲ ပြည်ပနိုင်ငံအသီးသီးမှာရှိနေတဲ့ ရိုဟင်ဂျာ ၂၉ ဖွဲ့ကလည်း မြန်မာစစ်တပ်က အခုလို အကြမ်းဖက်နေတာကို အရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုတဲ့ ပူးတွဲကြေညာချက်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org