ပထမဆုံး လယ်သမားညီလာခံ ကယားမှာ ကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျား ကူးကျေးရွာမှာ ဒေသခံတောင်သူ လယ် သမားတွေ စုပေါင်းပြီး ညီလာခံတစ်ရပ် ကျင်းပနေပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ ပထမဆုံးလယ်သမား ညီလာခံကျင်းပနေစဉ်။ Photo: Nay Thwae/ RFA

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာ မှာ ဒေသခံတောင်သူ လယ်သမားတွေ စုပေါင်းပြီး ညီလာခံတစ်ရပ်ကျင်းပနေပါတယ်။

ဒေသခံတောင်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကို တောင်သူတွေ စုပေါင်းဖြေရှင်းနိုင်ရေးအတွက်၊ ဒီညီ လာခံဖြစ်မြောက်အောင် ကူညီ ဆောင်ရွက်ပေးနေ တာဖြစ်ကြောင်း၊ ညီလာခံ ဖြစ်မြောက်ရေး ဦးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကရင်နီ ပြည်လူငယ်များသမဂ္ဂ (UKSY) ဗဟို ကော်မတီဝင် ကိုကျော်ထင်အောင် က ပြောပါတယ်။

"ဒေသအသီးသီးမှာလဲ အခုတောင်သူလယ်သမား အရေးဆောင်ရွက်သူတွေက သမဂ္ဂဖြစ်မြောက်ရေးတွေဖွဲ့နေကြပြီ၊ ကျနော်တို့ ကရင်နီပြည်နယ်မှာလဲ လယ်ယာမြေ အသိမ်းခံရတဲ့ အမှုတွေလဲရှိတယ်၊ နောက်ပြီးတော့ တောင်သူအရေးကိစ္စတွေကို တောင်သူတွေကိုယ်တိုင် စည်းဝေး ဆုံးဖြတ်ပြီးမှကို အခု စိုက်ပျိုးရေးကိစ္စလေးတွေ ပေါ့နော်၊ အစိုးရဆီကဘာတို့ညာတို့ဆိုရင်လဲ သူတို့စုဝေး ဆုံးဖြတ်နိုင်ဖို့အတွက်ကို ကျနော်တို့ကနေပြီးတော့မှ စုဝေးပေးလိုက်တဲ့ သဘောပါပဲ"

ကယားပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပနေတဲ့ တောင်သူလယ်သမား ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ သုံးရက်တာ ကျင်းပမှာဖြစ်ပါတယ်။

ကယားပြည်နယ် မြို့နယ်ခုနှစ်ခုက တောင်သူတွေအပြင် ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ ဖယ်ခုံနဲ့ ကရင်ပြည်နယ် သံတောင်အနောက်ဘက်ခြမ်းက တောင်သူ စုစုပေါင်း ၁၅၀ ကျော် တက်ရောက် နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org