နစ်မြုပ်ငါးဖမ်းလှေပေါ်က မြန်မာအပါအဝင် ရေလုပ်သားကိုးဦးကို ထိုင်းရေတပ် ကယ်တင်

နစ်မြုပ်သွားတဲ့ငါးဖမ်းလှေဟာ မတ်လ ၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံကို ဦးတည်ထွက်ခွာလာတာလို့ ဆိုပါတယ်။

ငါးဖမ်းလှေပေါ်မှ ကယ်တင်ခဲ့သည့် ရေလုပ်သားတချို့အား ၂ဝ၂၅ ခုနှစ် မတ်လ ၉ ရက်နေ့က ထိုင်းရေတပ် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာစဉ်။ Photo: Royal Thai Navy

ထိုင်းပင်လယ်ကွေ့မှာ သင်္ဘောတစ်စီးနဲ့ တိုက်မိပြီး နစ်မြုပ်သွားတဲ့ ငါးဖမ်းလှေပေါ်က မြန်မာရေလုပ်သားတွေ အပါအဝင် ရေလုပ်သားကိုးဦးကို ထိုင်းရေတပ်က ကယ်တင်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် The Thaiger သတင်းမှာ မတ်လ ၁ဝ ရက်နေ့က ဖော်ပြပါတယ်။

နစ်မြုပ်သွားတဲ့ငါးဖမ်းလှေဟာ မတ်လ ၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံကို ဦးတည်ထွက်ခွာလာတာလို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းတောင်ပိုင်း ဆုန်ခလ-နခွန်စီထမရက် ကမ်းရိုးတန်းကနေ ရေမိုင် ၈၀ နီးပါးအရောက် မတ်လ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ မတော်တဆ ဝင်တိုက်ခံခဲ့ရတာပါ။

နစ်မြုပ်နေတဲ့ စက်လှေကို ထိုင်းရေတပ်နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းရှာဖွေခဲ့ကြပြီး မနက် ၁ဝ နာရီဝန်းကျင်မှာ ကယ်တင်နိုင်ခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ရေလုပ်သား ကိုးဦးကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး ဆုန်ခလခရိုင်ထဲက ရေတပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီစက်လှေပေါ်မှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာ ရေလုပ်သား စုစုပေါင်း ကိုးဦး လိုက်ပါလာကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org