ငါးဖမ်းစက်လှေ နစ်မြုပ်မှု လူ ၅ ဦး သေဆုံး

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာ ၉ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်က ငါးဖမ်းစက်လှေနစ်မြုပ်မှုမှာ သေဆုံးသူတွေ အလောင်းကို သံတွဲဆေးရုံကို ပို့ဆောင်စဉ် Photo: Mg Kayah

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနီး ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာ ၉ ရက်နေ့ညက နစ်မြုပ်ခဲ့ရာမှာမှာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သံတွဲမြို့ကို သယ်ယူလာပြီး ဒီနေ့မှာတော့ လင်းသာ၊ ဂျိတ်တော၊ မြပင်ရပ်ကွက်တွေက နာရေးကူညီမှုအသင်းကားတွေနဲ့ သက်ဆိုင်ရာ မိသားစုတွေထံ အပ်နှံဖို့စီစဉ်နေတယ်လို့ အကူအညီပေးနေတဲ့ သံတွဲမြို့ခံ ဦးကယားကြီး က ပြောပါတယ်။

အဲဒီစက်လှေမှာ လူ ၁၀ ဦး လိုက်ပါတာဖြစ်ပြီး ငါးဖမ်းပိုက်ဟာ ရေအောက်မှာငြိနေတဲ့အတွက် ရပ်နားထားရာကနေ ဒီရေတက်လာချိန်မှာ လှေတိမ်းစောင်းပြီး နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

နစ်မြုပ်သွားတဲ့ ငါးဖမ်းစက်လှေဟာ သံတွဲမြို့နယ် သဗြုချိုင်ကျေးရွာကဖြစ်ပြီး သေဆုံးသွားသူတွေကတော့ ရမ်းဗြဲမြို့နယ်က ၁ ဦး၊ ရသေ့တောင်မြို့နယ်က ၁ ဦးနဲ့ သံတွဲမြို့နယ်က ၃ ဦး ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org