မောင်တောကိုပြန်လာတဲ့ မွတ်စလင်မိသားစုဟာ ဒုက္ခသည်တွေမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော
မြန်မာနိုင်ငံကို ရိုဟင်ဂျာမွတ်စလင် ၅ ယောက်ပါတဲ့ မိသားစုတစုပြန်လာတဲ့အတွက် လက်ခံကြိုဆိုထားတယ်လို့ မြန်မာအစိုးရရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ချလိုက်ပါတယ်။
-
2018-04-16 -
-
-
မြန်မာနိုင်ငံကို ရိုဟင်ဂျာမွတ်စလင် ၅ ယောက်ပါတဲ့ မိသားစုတစုပြန်လာတဲ့အတွက် လက်ခံကြိုဆိုထားတယ်လို့ မြန်မာအစိုးရရဲ့ ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပယ်ချလိုက်ပါတယ်။
အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကို ဘယ်တုန်းကမှ ရောက်လာခဲ့တဲ့သူတွေ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူ ဇမန်း ခန်း က ပြောကြားသလို၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးကော်မရှင် အကြီးအကဲ အဗူ ကာလမ်ကလည်း အလားတူပြောပါတယ်။
ဒုက္ခသည်ပြန်ခေါ်ရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ဆောင်ရွက်တာတွေဟာ ရှက်စရာကောင်းပြီး၊ အခုထိ ထိရောက်အောင်ဆောင်ရွက်နိုင်တာ မတွေ့ရ သေးဘူး၊ ဒါကြောင့် သူတို့နိုင်ငံဘက်ကို ရောက်နေတဲ့သူတွေအားလုံး ကို အချိန်တိုတိုအတွင်းပြန်ခေါ်မယ်လို့ မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် သတင်းစာတွေကလည်း ပြန်လာတယ်ဆိုတဲ့ အဲဒီလူဟာ အစိုးရသတင်းပေး ကျေးရွာလူကြီး တဦးဖြစ်ပြီး နယ်စပ်ကို ဟန်ပြ တိမ်းရှောင်လာသူဖြစ်တယ်လို့ ရေးသားဖေါ်ပြကြပါတယ်။