မတူပီမှာ ၁၃ နှစ်ကလေး အပါအဝင် ငါးဦး သတ်ဖြတ်ခံရ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူ ၁၁ ယောက်ထဲက သတ်ဖြတ်ခံထားရတဲ့ ငါးယောက်ရဲ့ အလောင်းတွေကို တွေ့ရှိထားတယ်လို့ ချင်း ကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ခံ ကိုနွေဦးလင်း က RFA ကို ပြောပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: CJ

ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ လူ ၁၁ ယောက်ထဲက သတ်ဖြတ်ခံထားရတဲ့ ငါးယောက်ရဲ့ အလောင်းတွေကို တွေ့ရှိထားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီဗဟိုဌာနချုပ် ပြန်ကြားရေး တာဝန်ခံ ကိုနွေဦးလင်းက RFA ကို ပြောပါတယ်။

အဲဒီသတ်ဖြတ်ခံထားရတဲ့ထဲမှာ ၁၃ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က လုံလှော်နဲ့ ကီလှုန်းရွာကြားမှာ လူ ၁၁ ယောက်ကို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ကိုနွေဦးလင်းက ပြောပါတယ်။

ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ အလောင်းတချို့ကို တွေ့ရှိတာဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ အသက်အန္တရာယ် လည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ အလောင်းတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ ဖမ်းဆီးသွား တဲ့သူတွေကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ CDF ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ချက်ချင်းတုံ့ပြန်ချက် မရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ဒေသတော်တော်များများမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေ ရှိနေတာ ကြောင့် မြန်မာစစ်တပ်ကို နိုင်ငံတကာက ရှုတ်ချပြောဆိုနေတာလည်းဖြစ်ပါတယ်။ ဒီလိုပြောဆိုနေပေမယ့် စစ်တပ်ဘက်ကတော့ သတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်နေတုန်းပဲလို့ ဒေသခံတွေက ပြောဆိုနေပါ တယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲအတွင်းမှာ စည်းမျဉ်းစည်းကမ်း အတိုင်း လုပ်တယ်ဆိုပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org