ပုလဲမြို့နယ် ဦးနှောက်ရွာ စီးနင်းတိုက်ခိုက်မှု ပြည်သူ ငါးဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး စီးနင်းတိုက်ခိုက်ရာမှာ ပြည်သူ ငါးဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
- 2022-01-11
-
-
-
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ရဟတ်ယာဉ် တွေ အသုံးပြုပြီး စီးနင်းတိုက်ခိုက်ရာမှာ ပြည်သူ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မနေ့က စစ်ရဟတ်ယာဉ်လေးစီးနဲ့ ရွာကိုရောက်လာပြီး တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ သေဆုံးမှုရှိခဲ့ တာလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
“မနေ့က အဲဒီဘက်မှာ လူထုတွေ့ဆုံပွဲလေးတွေရှိတယ် ကျနော့်ကိုလည်း ဖိတ်ထားတယ်။ ကျနော် ခရီးလွန်နေတာ့ မသွားခဲ့နိုင်ဘူး။ ဒါပေမဲ့ ကျနော်ရှိတယ်ဆိုပြီး ရဟတ်ယာဉ် လေးစီးနဲ့လာတယ်။ ပစ်တဲ့ရဟတ်ယာဉ်က ပစ်နေပြီး သူတို့ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သယ်ပြီးတော့ အခေါက် ခေါက်အပြန် ပို့ပေးနေတာကိုပဲ အများကြီးလို့ပြောတယ်။ အဲလိုလုပ်ပြီးတော့ ရွာလေးကို ဝိုင်းပြီးတော့ ပစ်ကြတယ်။ ရွာက တချို့အသတ်ခံရတယ်။ တစ်ချို့ အိမ်တွေ အဆောက်အဦတွေလည်း မီးရှို့ခံရ တယ်ပေါ့။ တချို့လည်း ဖမ်းသွားတယ်”
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ရွာနဲ့ရွာအနီးဝန်းကျင်မှာပဲ တပ်စွဲထားတာကြောင့် သေဆုံးသူတွေရဲ့ နာမည်နဲ့ အသက်အပါအဝင် ဒဏ်ရရသူနဲ့ ဖမ်းဆီးခံရသူတွေရဲ့ အရေအတွက် အသေးစိတ်ကို အတည်မပြုနိုင် သေးဘူးလို့ ဆိုပါတယ်။
ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာသားတွေကို ဗိုလ်နဂါးနာမည်မေးပြီး နှိပ်စက်စစ်ဆေး မှုတွေ လုပ်တာကြောင့် သေဆုံးခဲ့သူတွေလည်းရှိတယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။
စစ်ကောင်စီကတော့ ဦးနှောက်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် အယောက်ငါးဆယ် လောက် အစည်းအဝေးလုပ်ဖို့ စုဝေးနေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ငါးယောက်ကို အသေဖမ်းမိပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာကို စစ်တပ်က လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်တာ ရွာကိုဝင်ရောက်စီးနင်း ပစ်ခတ်တာကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့သလို ရွာက နေအိမ် အလုံး ၆၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။