ရန်ကုန်မြို့ပတ်လမ်း ဒေါ်လာ သန်း ၁၅ဝဝ အကုန်ခံ ဖောက် မည်

ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းကို အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန် အကျခံ ဆောက်လုပ်ဖို့အတွက် ကိုရီးယား ကုမ္ပဏီနှစ်ခု က လေ့လာမှုတွေစတင်လုပ်ဆောင်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောပါတယ်။

အစိုးရသစ်ရဲ့ ငါးနှစ်သက်တမ်းကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မယ့်စီမံကိန်းတွေကို ဇွန်လ ၇ ရက်နေ့က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းစဉ် Photo: Win Ko Ko Latt/RFA

ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံ ဆောက်လုပ်ဖို့အတွက် ကိုရီးယားကုမ္ပဏီနှစ်ခုက လေ့လာမှုတွေစတင်လုပ်ဆောင်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်း ဝန် ဦးကျော်လင်း က ပြောတာဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းကို ဂျပန်ဖွံ့ဖြိုးရေးအစီအစဉ် JICA က ရေးဆွဲထားတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေး- ရွှေဘို- မြစ်ကြီးနားလမ်းဟောင်းကို အဆင့်မြှင့်သွားမှာဖြစ်သလို မန္တလေး- မြစ်ကြီးနား လမ်းသစ် ဖောက်လုပ်ဖို့လည်း လေ့လာမှုတွေလုပ်ဆောင်နေတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောပါတယ်။

"ခန့်မှန်းခြေအားဖြင့် ကုန်ကျစရိတ်ဟာ ၁.၅ ဘီလီယံ US ဒေါ်လာခန့် ကုန်ကျနိုင်တယ်၊ အပြည့်ဆောင်ရွက် မယ်ဆိုရင် ၁.၅ ဘီလီယံ US ဒေါ်လာလောက် ကုန်ကျမှာဖြစ်တဲ့အတွက် ပမာဏအနေနဲ့ ကျနော်တို့ကို ကိုရီးယားနိုင်ငံက ဒီကိုလာပြီးတော့ ဆွေးနွေးဖူးတာရှိပါတယ်၊ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စည်ပင် ပေါင်းစပ်ပြီး ကျနော်တို့ ပူးပေါင်းပြီးတော့ တိုင်ပင်ပြီးရင် ကျနော်တို့ တရားဝင်ကြေညာပါမယ်"

လက်ရှိ ရန်ကုန်- မန္တလေးအမြန်လမ်းကို ငါးနှစ်အတွင်း လေးလမ်းသွားကနေ ခြောက်လမ်းသွား တည်ဆောက် သွားဖို့လည်း စီစဉ်ထားပါတယ်။

တစ်နိုင်ငံလုံးက Toll Gate ပေါင်း ၃၀၂ဂိတ်ကနေ ဂိတ်ဝင်ကြေး နှစ်စဉ် ၂၂ ဘီလီယံကျော် ရရှိနေပြီး အစိုးရသစ် စတင်တာဝန်ယူချိန်မှာ ဂိတ်ပေါင်း ၁၆၀ကျော်မှာ ဂိတ်ဝင်ကြေးတွေမကောက်ဘဲ ဖြေလျှော့ခဲ့တဲ့အတွက် တိုင်းပြည်ဝင်ငွေ ၂ ဘီလီယံကျော် လျော့နည်းသွားတယ်လို့ ဦးကျော်လင်းက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးက ကျန်တဲ့ Toll Gate တွေမှာ ဂိတ်ဝင်ကြေး မကောက်ဖို့အထိ စဉ်းစားမှုတွေ ရှိနေကြောင်းနဲ့ လေ့လာတွက်ချက်မှုတွေ ပြုလုပ်နေကြောင်း ဦးကျော်လင်းက ပြောပါတယ်။

အဲ့ဒီအခမ်းအနားကို ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org