ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော် အလံကို မလေးမစားပြုလုပ်ရင် ဥပဒေအရ အရေးယူနိုင်တယ်လို့ ဝန်ကြီးပြော

နိုင်ငံတော် အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်ပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ နိုင်ငံတော်အလံ ဥပဒေမှာ ဖော်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အလံကို တွေ့ရစဉ် .

နိုင်ငံတော် အလံကို မလေးမစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်ပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ နိုင်ငံတော်အလံ ဥပဒေမှာ ဖော်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားလိုက်ပါတယ်။

ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော် အလံကို အလေးပြုခြင်း၊ မပြုခြင်းနဲ့ ပတ်သက်လို့ မနေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေးခဲ့ရာမှာ ဝန်ကြီးက အခုလို ပြောကြားလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အလံ ဥပဒေအရ စည်းကမ်းချက် လိုက်နာဆောင်ရွက်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနိုင်ဖို့ဆိုပြီး တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့် က တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အလံ ဥပဒေ ပြဋ္ဌာန်းထားမှုကို ပြည်သူတွေ လေးစားလိုက်နာစေဖို့ အသိပညာပေးတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြခင် နိုင်ငံတော်သီချင်းဖွင့်ပြီး နိုင်ငံတော် အလံကို အလေးပြုတဲ့ အစီအစဉ်ပြုလုပ်ရာမှာ မတ်တပ်ရပ် အလေးပြုသူတွေရှိသလို အလေးမပြုသူတွေလည်း ရှိနေတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org