တစ်နိုင်ငံလုံးမှာ လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်
2017.08.03
ဇူလိုင်လအတွင်းက မိုးကြီးခဲ့လို့ တစ်ပြည်လုံးမှာ မိုးစပါးစိုက်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၈ သောင်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။
ပျက်စီးသွားတဲ့လယ်တွေအတွက် မျိုးစပါးနဲ့ စိုက်ပျိုးဖို့ စက်ကိရိယာတွေ ကူညီပေးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
"၂၈ ရက်နေ့ စာရင်းကောက်ယူထားမှု အခြေအနေအရ မြန်မာတစ်နိုင်ငံလုံးမှာ ဧက ၅ သိန်းကျော် ရေမြှပ် ပါတယ်၊ ဒါပေမဲ့ တစ်ဝက်လောက်တော့ပြန်ပေါ်ပါတယ်၊ ပျက်စီးတဲ့ဧကကတော့ ၈ သောင်း ကျော်လောက် ရှိပါတယ်၊ ပြန်စိုက်တာကတော့ ဧက ထောင်ဂဏာန်းလောက်ပဲရှိသေးတယ်၊ ပျက်စီး ဧကတွေ အတွက် တောင်သူတွေ စပါးမျိုးတွေလိုရင် ပေးနိုင်ဖို့လုပ်နေပါတယ်၊ ပြန်စိုက်မယ်ဆိုရင်လည်း စက်ကိရိ ယာတွေ လိုရင်ပေးနိုင်ဖို့ လုပ်နေပါတယ်ခင်ဗျ"
လက်ရှိဧရာဝတီတိုင်းဒေသကြီးက လယ်တွေရေနှစ်မြုပ်နေတာလည်း ဧက တစ်သိန်းနီးပါးလောက် ရှိနေပြီး မနှစ်က စိုက်ဧက ၃ သိန်းလောက်အထိ ရေနစ်မြုပ်ခဲ့ပါတယ်။
ဒီနှစ်ကတော့ မိုးလေဝသအခြေအအေရ နောက်ထပ်စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
ပျက်စီးဆုံးရှုံးသွားတဲ့ လယ်မြေတွေအချိန်မီပြန်လည်စိုက်ပျိုးနိုင်ဖို့ မိုးစပါးမျိုးတွေ၊ စက်ကိရိယာတွေနဲ့ ပြန်လည် စိုက်ပျိုးနိုင်ဖို့အတွက် ဝန်ကြီးဌာနက ကူညီပေးနေပြီး နောက်ထပ်မျိုးစပါးတွေပေးနိုင်ဖို့ အဆင်သင့်ရှိတယ် လို့လည်း ပြောပါတယ်။