ရေဘေးဒုက္ခသည်တွေအတွက် ၈၈ အဖွဲ့ အလှူငွေကောက်ခံသွားမည်

တစ်နိုင်ငံလုံးအနှံ့က ရေဘေးဒုက္ခသည်တွေ အတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ အလှူငွေလိုက်လံကောက်ခံသွားမယ်လို့ ဒီနေ့ ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရေဘေးဒုက္ခသည်တွေကို အလှူငွေ ပေးအပ်စဉ် ဓါတ်ပုံ - ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း

တစ်နိုင်ငံလုံးအနှံ့က ရေဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ အလှူငွေ လိုက်လံကောက်ခံသွားမယ်လို့ ဒီနေ့ ပြောပါတယ်။

ဒီအချိန်ဟာ ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ရမယ့် အချိန်ဖြစ်တာကြောင့် လူစည်ကားရာနေရာတွေမှာ အလှူငွေကောက်ခံသွားမှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

"တနင်္ဂနွေနေ့လောက်ဆိုရင်တော့ ကျနော်တို့ အနုပညာသည်တွေရဲ့ ထင်ရှားတဲ့နယ်ပယ်အသီးသီးက လက်လှမ်းမီသလောက်တွေပေါ့၊ စုပြီးတော့ လူထုကြားထဲမှာလိုက်ပြီးတော့ အလှူခံပလိုက်မယ် ဘာဖြစ်လို့လဲ ဆိုတော့ လူတွေရဲ့သိမှုက ပိုပြီးတော့နိုးကြားလာမယ်ဗျာ၊ ဒီအပေါ်မှာ ဝိုင်းပြီးတော့ ပါဝင်မှုတွေရလာလိမ့်မယ်၊ ဒီအချိန်မှာ ပြည်သူတွေရောအကုန်လုံး ပေါင်းစည်းရမယ့်အချိန်ရောက်ပြီး ပြည်သူအချင်းချင်းရိုင်းပင်း မှ စောင့်ရှောက်မှပဲ ကျနော်တို့ အသက်တွေကယ်နိုင်မယ်လို့ ကျနော်နားလည်တယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ကောလင်း၊ ကလေးနဲ့ ပွင့်ဖြူမြို့က ရေဘေးဒုက္ခ သည်တွေကို သွားရောက်လှူဒါန်းခဲ့ပြီး လက်ရှိမှာလည်း စားသောက်ကုန်တွေ အဝတ်အစားတွေနဲ့ စာရေးကိရိယာတွေကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကစပြီး စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ရှမ်း၊ ကရင်၊ ပဲခူး၊ ချင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ မိုးဆက်တိုက်ရွာတာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်နေပါတယ်။

ကိုမင်းကိုနိုင်ကို မဇာဏီထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org