ကလေးမြို့ရေဘေး သဲနုန်းတွေကြောင့် နေအိမ်တွေ ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်မြို့လုံးနီးပါး ရေကြီး ခဲ့ရာမှာ အခုရေပြန်ကျသွားပြီဖြစ်ပေမယ့် ရေနဲ့အတူပါလာ တဲ့ နုန်းမြေတွေကြောင့် အတော်များများ အိမ်တွေပျက်စီး သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်မြို့လုံးနီးပါး ရေကြီးခဲ့ရာမှာ အခုရေပြန်ကျ သွားပြီဖြစ်ပေမယ့် ရေနဲ့အတူပါလာတဲ့ နုန်းမြေတွေကြောင့် အတော်များများ အိမ်တွေပျက်စီးသွားခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် သဲကုန်းတန်းရွာမှာဆိုရင် သဲတွေ၊ နုန်းတွေဟာ အိမ်တွေထဲအထိ ရောက်နေပြီး အိမ်အသစ်ပြန်ဆောက်ဖို့ လိုအပ်တဲ့အထိ ဆိုးဝါးနေတယ်လို့ ရေဘေးကူညီပေးနေတဲ့ ကလေးမြို့ က နေသာဆရာတော် ဦးဓမ္မိက က မိန့်ကြားပါတယ်။

"သဲကုန်းတန်းဆိုတဲ့ရွာဆိုရင် နှစ်ထပ်အိမ်ဆိုရင် တစ်ထပ်မြုပ်တာပေါ့ဗျာ၊ တစ်ထပ်အိမ်ဆိုရင်တော့ တံစက်မြိတ်လောက်ရောက်တာပေါ့၊ ဒါကတော့ ဘယ်လိုမှမတက်နိုင်တော့ဘူးလေ အိမ်အစားထိုး ဆောက် ဖို့ပဲရှိတာပေါ့၊ များသောအားဖြင် အဲ့ဒီလိုမမြုပ်ရင်တောင်မှ အိမ်တွေပေါ်မှာတော့ တစ်ပေ နှစ်ပေကတော့ ပုံမှန်ရှိကြတယ် ရေတက်တဲ့နေရာတွေပေါ့၊ အခုက ရေဘေးထက် ရွှံ့ဘေးကပိုခက်တယ်၊ ရေစုပ်စက်ရှိတဲ့လူက အနည်းစုပေါ့ဗျာ၊ မြို့ပေါ်မှာတော့ အဲ့ဒါမျိုး သူတို့လုပ်နိုင်ကြတယ်၊ အများစုကတော့ဒီအတိုင်းပဲ ကိုယ့်ရှိတာလေး နဲ့ ကြံဖန်ပြီးလုပ်နေကြရတယ်"

ကလေးမြို့ပတ်ဝန်းကျင်က စွယ်တော်ဦး၊ သဖန်းအိုင်၊ ပြင်သာ၊ ရေလဲဦး စတဲ့ရွာတွေမှာလည်း သဲနုန်းတွေဟာ အိမ်တွေထဲအထိ ပြည့်နေတာကြောင့် နေထိုင်ဖို့ မလွယ်ကူဘူးလို့ သိရပါတယ်။

ကလေးမြို့ပေါ်ရပ်ကွက်တွေမှာဆိုရင်လည်း တိရိစ္ဆာန်တွေ အတော်များများ ရေနစ်သေဆုံးခဲ့ကြပြီး အပုပ်နံ့တွေ ထွက်နေတဲ့အတွက် ထုံးမှုန့်တွေ လိုက်ဖြူးနေရပါတယ်။ လယ်မြေတွေမှာဆိုရင်လည်း သဲတွေ၊ နုန်းတွေ ဖုံးလွှမ်းသွားခဲ့အတွက် ပိုင်ရှင်တွေကိုယ်တိုင်တောင် ကိုယ့်လယ်ကွက်တွေကို မမှတ်မိတော့ဘူးလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org