ရေဘေးဒုက္ခသည် ၃ သိန်းကျော်ပြီ
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး စတဲ့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေကြီး နစ်မြုပ်မှုကြောင့် မနေ့ကအထိ လူဦးရေ သုံးသိန်းကျော် ရေဘေးဒဏ်ခံနေရပြီး ၄ ဦးသေဆုံး ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
-
2016-08-06 -
-
-
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး စတဲ့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ ရေကြီးနစ်မြုပ်မှုကြောင့် မနေ့ကအထိ လူဦးရေ သုံးသိန်းကျော် ရေဘေးဒဏ်ခံနေရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧရာဝတီတိုင်းမှာ ခရိုင် ၃ ခုအတွင်း ၁ဝ မြို့နယ်ကျော် ရေကြီးနစ်မြုပ်နေတာကြောင့် လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်ကို ရပ်နားထားကြောင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
"ဟသာၤတခရိုင်အဆိုးဆုံး၊ ဟသာၤတပြီးရင် မအူပင်ခရိုင်နဲ့ ပုသိမ်ခရိုင် ဧရာဝတီတိုင်းရဲ့တစ်ဝက်လောက် က ရေကြီးရေလျှံဖြစ်နေတယ်"
ဧရာဝတီတိုင်းမှာ ဟသာၤတခရိုင်က ရေဘေးဒဏ်အများဆုံးခံနေရပြီး မြန်အောင်၊ ကြံခင်း၊ ဟသာၤတ၊ အင်္ဂပူ၊ မအူပင်၊ ဓနုဖြူနဲ့ ပန်းတနော်မြို့တွေမှာ ရေဘေးဒုက္ခသည် ၅ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး မကွေးတိုင်းမှာ နှစ်သိန်းနီးပါး ရေဘေး ဒုက္ခရောက်နေတာဖြစ်ပါတယ်။
သေဆုံးသူ ၄ ဦးက စစ်ကိုင်းတိုင်းမှာ ၂ ဦးနဲ့ ကချင်ပြည်နယ်မှာ ၂ ဦး ဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ ချင်း တွင်းမြစ်တွေဟာ မြစ်အထက်ပိုင်းမှာ ရေပြန်ကျလာပြီဖြစ်ပေမယ့် မြစ်အောက်ပိုင်း ဒေသတွေမှာ မြစ်ရေမြင့်တက် လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။