ရေဘေးသင့် ဒုက္ခသည် ကလေးငယ်တွေ ကူညီနိုင်ရေး ပန်းရဲ့လမ်း ဂီတအဖွဲ့ ရန်ပုံငွေရှာ

ကရင်ပြည်နယ် ရေဘေးဒုက္ခသည် စခန်းတွေက ကလေးတွေ အတွက် ကျောင်းသုံးစာအုပ်တွေ လှူဒါန်းနိုင်ဖို့ ပန်းရဲ့လမ်း ဂီတအဖွဲ့ဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် စိတ်တိုင်း ကျ လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ ဂီတဖျော်ဖြေပြီး အလှူခံခဲ့ ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ရေဘေးဒဏ်ခံရတဲ့ ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ် photo: RFA/ Kyaw Lwin Oo

ကရင်ပြည်နယ် ရေဘေးဒုက္ခသည်စခန်းတွေက ကလေးတွေအတွက် ကျောင်းသုံးစာအုပ်တွေ လှူဒါန်းနိုင်ဖို့ ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ ဂီတဖျော်ဖြေပြီး အလှူခံခဲ့ပါတယ်။

NLD ပညာရေးကွန်ရက်နဲ့ ပူးပေါင်းပြီး ကလေးငယ်တွေ ပညာရေးအတွက် ကူညီနေတာလို့ ပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ကိုသားထွေးက RFA ကို ပြောပါတယ်။

တောင်ဥက္ကလာမှာ ပြီးသွားတယ်၊ ကရင်ပြည်နယ်မှာ လိုအပ်နေ တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဖတ်စာအုပ်တွေက ရေထဲမျောကုန်တယ်၊ အဲဒါအတွက် ဝယ်မယ်ဆိုတော့ ကျနော်တို့ပထမ ၅ ရက်၊ ၆ ရက်နေ့ကရတဲ့ ပိုက်ဆံနဲ့လှူခဲ့ပြီ၊ အခုဒီနေ့ရတဲ့ဟာ တနင်္လာနေ့ကျရင် သွားလှူမယ်လေ”

ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေကလည်း ရန်ကုန်မြို့၊ ဘုရင့်နောင်နဲ့ ကန်တော်လေးမြို့နယ်တွေက စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွေမှာ ဖျော်ဖြေပွဲတွေလုပ်ပြီး အလှူခံခဲ့ပါတယ်။ ဒါ့ပြင် ဇူလိုင်လဆန်းပိုင်းကလည်း ရေရှားပါးမှုပြဿနာကြုံနေရတဲ့ ချောက်မြို့မှာ သွားရောက်အလှူခံပေးခဲ့သလို၂၁၂ ခုနှစ်တုန်းကလည်း ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org