စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


2016.11.08
food-safetly-workshop-620.jpg စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ တာဝန်ယူမှုရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှု အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော် Lake Garden Hotel မှာကျင်းပစဉ်
Photo: Win Naung Toe/RFA

မြန်မာနိုင်ငံက တောင်သူတွေရဲ့ အသိပညာအားနည်းမှုကြောင့် ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေကို အလွန်အကျွန်သုံးစွဲလာကြ တဲ့အတွက် စားသုံးသူတွေအနေနဲ့ အန္တရာယ်ရှိကြောင်း မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင် က ပြောပါတယ်။

နေပြည်တော် Lake Garden Hotel မှာ ဒီကနေ့ ပြုလုပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ တာဝန်ယူမှုရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်များ ထုပ်လုပ်မှုအလုပ်ရုံဆွေးနွေးပွဲမှာ ဦးမောင်မောင် က အဲဒီလို ပြောလိုက်တာပါ။

"ပိုးသတ်ဆေးတွေနဲ့ ဓာတ်မြေသြဇာတွေကို စည်းကမ်းတကျမသုံးတာများတယ်၊ နောက်ပြီးတော့ ကျနော်တို့ရဲ့တောင်သူတွေရဲ့ အသိပညာ အားနည်းမှုရယ်၊ ဒီပစ္စည်းတွေကို ရောင်းဝယ်နေသူတွေရဲ့လောဘတွေရယ်၊ ကျနော်တို့မှာ အဲ့ဒါနဲ့ပတ်သက်ပြီးအန္တရာယ်တွေရှိနေတယ်"

အခြေခံစိုက်ပျိုးထုတ်လုပ်မှုမှာ ကမ္ဘာပေါ်မှာ ထိပ်တန်း အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွန်းအဖြစ် အသိအမှတ်ပြုခံထားရတဲ့  Global G.A.P အကယ်ဒမီကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားကြောင်းလည်း Global G.A.P က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က သရက်တစ်မျိုးတည်းကိုသာ Good Agricultural Practices ( GAP ) လက်မှတ်ထုတ်ပေးနိုင်ကြောင်းနဲ့ လာမယ့်နှစ်တွေမှာ အရေးကြီးတဲ့ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေ ဖြစ်တဲ့ ဆန်စပါး၊သရက်သီး ၊ကျွဲကောသီး ၊ ဖရဲသီး ၊သခွားသီး၊ ပဲမျိုးစုံ ၊ဆီထွက်သီးနှံ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး၊ ငြုပ်သီး စတဲ့ သီးနှံဆယ့်နှစ်မျိုးကိုပေးနိုင်မယ့် G.A.P စံနှုန်းကို ရေးဆွဲနေကြောင်း သိရပါတယ်။

ဒီကနေ့ကစတင်ပြီး ၂ ရက်ကြာ ပြုလုပ်မယ့် အလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘာ့အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ စံချိန်စံညွန်းသတ်မှတ်တဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေအပြင် ဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။