တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်လာ

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေဟာ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာ အများ ဆုံးဖြစ်တယ်လို့ နစ်ခေး အေးရှားရီဗြူးသတင်းက ဖော်ပြ ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍမှာ အများဆုံးဖြစ်တယ်လို့ နစ်ခေး အေးရှားရီဗြူးသတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်အထိ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃.၉၈ ဘီလျံ ရှိခဲ့တာကြောင့် အရင်ဘဏ္ဍာရေးနှစ်ကထက် ၆၀ ရာနှုန်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမြင့်မားဆုံးရှိခဲ့တဲ့ စွမ်းအင်ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍ မှာတော့ သုညအထိ ကျဆင်းသွားခဲ့ပါတယ်။ စွမ်းအင်ရှာဖွေရေးစီမံကိန်းသစ်တွေ လုံးဝမရှိတော့လို့ ဖြစ်ပါတယ်။

ခြုံကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ၃၀ ရာနှုန်း ကျဆင်းသွားခဲ့ရာမှာ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၆၄ ဘီလျံ ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။

အခု လက်ကိုင်ဖုန်းလုပ်ငန်းမှာ မြန်မာ MPT နဲ့ ဂျပန် KDDI ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေပြီး၊ ကာတာအခြေစိုက် အော်ရီဒူးနဲ့ နော်ဝေးအခြေစိုက် တယ်လီနောတို့ကလည်း သုံးစွဲသူတိုးပွားလာရေးအတွက် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံနေကြပါတယ်။

မြန်မာနိုင်ငံရဲ့နောက်ထပ် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍဖြစ်ပြီး၊ ဒေါ်လာ ၁.၁၇ ဘီလျံ ရှိတာကြောင့် အရင်ဘဏ္ဍာရေးနှစ်ကထက် ၁၁ ရာနှုန်း မြင့်တက်လာခဲ့တာပါ။ ဒီကဏ္ဍမှာ အဓိကအနေ နဲ့ အထည်ချုပ်ကုမ္ပဏီတွေဖြစ်ပါတယ်။

လုပ်အားခဈေးသက်သာတဲ့အတွက် ဂျပန်ဖက်ရှင်အဝတ်အထည်တွေ ထုတ်လုပ်ရောင်းချတဲ့ ဟွန်နေးစ်ကုမ္ပဏီဆိုရင် တရုတ်ပြည်မျာရှိတဲ့ သူ့ရဲ့လုပ်ငန်းတွေကို မြန်မာပြည်ကို ပြောင်းရွှေ့နေပြီး၊ ရန်ကုန်မှာ ကုန်တိုက်တည်ဆောက်ဖို့ လည်း ပြင်ဆင်နေပါတယ်။ တရုတ်နဲ့ တောင်ကိုရီးယား အထည်ချုပ်လုပ်ငန်းတွေကလည်း ရန်ကုန်မှာ လုပ်ငန်းတွေ ထူထောင်နေကြပါတယ်။

အခု မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများစုက စင်ကာပူဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါးရှိပါတယ်။ ဗီယက်နမ်က ဒေါ်လာ တစ်ဘီလျံခွဲနဲ့ ဒုတိယလိုက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org