အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ABSDF အဖွဲ့ဝင်ဟောင်းများ ကြိုးပမ်းမည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ် ရှင်သန်အားကောင်းလာဖို့ အဟန့်အတား ဖြစ်နေ တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတွေကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ကြိုးစားသွားမယ်လို့ ဒီနေ့ ပြော လိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အလံပုံ photo: RFA/ Nay Thwae

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ် ရှင်သန်အားကောင်းလာ ဖို့ အဟန့်အတား ဖြစ်နေတာကြောင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတွေ ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးစားသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်း တိုက်မှာကျင်းပတဲ့ ကချင်ပြည်နယ် ပါဂျောင်ဒေသ မှာ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရပြီး အသတ်ခံရတဲ့ ABSDF ကျောင်းသားရဲဘော် ၄၁ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီလိုထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ ABSDF (မြောက်ပိုင်း) မှာ ထောက်လှမ်းရေး အဖြစ်စွပ်စွဲခံရပြီး လွတ်မြောက်လာခဲ့တဲ့ ABSDF အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုကျော်နိုင်ဦးက အခုလို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်သင့်တယ်၊ ဒီဖွဲ့စည်းပုံတွေ မခိုင်မာဘူးဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးတွေ မရဘူးဆိုရင် ဒီဟာတွေဖြစ်နေမယ်၊ ပြည်တွင်းငြိမ်းချမ်းရေးသာရခဲ့ရင် တောခို စရာမလိုဘူး၊ ဒီပြဿနာတွေ တက်စရာမလိုဘူး၊ ထောက်လှမ်းရေးကလည်း သပ်လျှိုစရာမလိုဘူး၊ အချင်းချင်းလည်း စိတ်ဝမ်းကွဲစရာမလိုဘူး”

၁၉၉၂ ခုနှစ်က ကေအိုင်အို ထိမ်းချုပ်နယ်မြေ ပါဂျောင်ဒေသမှာ ABSDF အဖွဲ့ဝင်တွေကြားထဲ သူလျှိုလို့စွပ်စွဲခံရပြီး အဲဒီအချိန်က ကျောင်းသားကျောင်းသူ တစ်ရာကျော်လောက် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီအထဲက ၄၁ ဦး အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသမှာ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေကို အောက်မေ့သတိရ တဲ့အနေနဲ့ ပြုလုပ်တဲ့ အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org