သမ္မတဟောင်း လုံခြုံရေး ဥပဒေကြမ်း လွှတ်တော်ကို တင်သွင်း

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ တင်သွင်းခဲ့ ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ တင်သွင်းခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနကရေးဆွဲပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းမှာ အခန်း ၅ ခန်း ပုဒ်မပေါင်း ၁၄ ခုနဲ့ ရေးဆွဲထားခြင်းဖြစ်ပါတယ်၊ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ အသက်အန္တရာယ်နဲ့ ကိုယ်ကာယ ကို ထိခိုက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ကို လုံခြုံရေးဆိုင်ရာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးပေး ပါရန် တင်ပြအပ်ပါတယ်"

ဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက အဆိုပြုတဲ့သူကို လုံခြုံရေးအတွက် ကိုယ်ရံတော် တစ်ယောက်ကို ခန့်ထားနိုင်ကြောင်း၊ နေအိမ်နဲ့ ပြင်ပကို သွားလာတဲ့အခါမှာလည်း လုံခြုံ ရေးအဖွဲ့ရဲ့ အစောင့် အရှောက်နဲ့ သွားလာရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးအတွက် ကျသင့်တဲ့ဘဏ္ဍာငွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ကျခံပေးရမယ့်အပြင် ကိုယ်ရံတော်အဖွဲ့ အသုံးပြုဖို့အတွက် သင့်လျော်မယ့် လက်နက်တွေကိုလည်း သတ်မှတ်ချက်နဲ့အညီ တပ်ဆင်ပေးရမယ်လို့ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးခြင်းကို ရာထူးသက်တမ်း ကုန်ဆုံးတဲ့နေ့ကစပြီး ရာသက်ပန် ခံစားခွင့်ရှိကြောင်းလည်း ဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဥပဒေကြမ်းကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပြီး လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org