ICC အရေးယူနိုင်ရေး အမေရိကန်ကို Fortify Rights တိုက်တွန်း

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အရေးယူရေးအတွက် လုံခြုံရေးကောင်စီက လွှဲပြောင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်ဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

Fortify Rights ထုတ်ပြန်ချက်။ (Screenshot)

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ အရေးယူရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးနိုင်အောင် အမေရိကန်ပြည်ထောင်စုအနေနဲ့  ကြိုးစားဆောင်ရွက်ဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အဲဒီကြေညာချက်မှာ ရိုဟင်ဂျာအဖွဲ့အစည်း ၂၃ ခုက အမေရိကန်ပြည်ထောင်စုကို အလားတူ တိုက်တွန်းထားကြောင်းလည်း ထပ်ဆင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် Fortify Rights အဖွဲ့အနေနဲ့ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို အသေအချာ စီမံချက်ချမှတ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားဖြစ်တည်မှုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတခုကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမတိုင်ခင်ကတည်းက ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org