စစ်တပ်ဖြိုခွင်းမှုကြောင့် သေဆုံးရသူတွေ အတွက် သံရုံးလေးခု နှင်းဆီပန်းတွေနဲ့ဂုဏ်ပြု

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သား ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းမှု အတွင်း အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံး၊ ဒိန်းမတ်သံရုံး၊ ဆွီဒင်သံရုံးနဲ့ ဖင်လန် သံရုံးတွေက ဒီကနေ့မနက်ပိုင်းက နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်းပြီး ဂုဏ်ပြုခဲ့ပါတယ်။

စစ်တပ်က ဆန္ဒပြပွဲတွေ ဖြိုခွင်းမှုတွေမှာ အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး မြန်မာနိုင်ငံဆိုင်ရာ သံရုံးလေးခု ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်နေ့ ဂုဏ်ပြုခဲ့စဉ် Photo: CJ

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အရပ်သား ဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းမှုအတွင်း အသက်ဆုံးရှုံးခဲ့သူတွေကို ရည်စူးပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံး၊ ဒိန်းမတ်သံရုံး၊ ဆွီဒင်သံရုံးနဲ့ ဖင်လန်သံရုံးတွေက ဒီကနေ့မနက်ပိုင်းက နှင်းဆီပန်း ၁၃၂၃ ပွင့် ခင်းကျင်းပြီး ဂုဏ်ပြုခဲ့ပါတယ်။

လူ့အခွင့်အရေးကိုကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့သူတွေနဲ့ ထိန်းသိမ်းခံထားရသူတွေကို ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဂုဏ်ပြုတာလို့ သက်ဆိုင်ရာသံရုံးတွေက ထုတ်ပြန်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောအကျပ်အတည်းနဲ့ အာဏာသိမ်းမှုကိစ္စတွေကြောင့် မညီမျှမှုတွေ သိသိသာသာ တိုးလာပြီး အခြေခံနိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေကို များစွာထိခိုက်ရုံတင် မက နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးတွေပါ ထိခိုက်နေတယ်လို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ဆက် လက်ထောက်ခံ အားပေးသွားမယ်လို့လည်း နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက ဆိုပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်ခံကျင့် သုံးနေကြပေမယ့် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ မညီမျှမှုတွေနဲ့ ချန်လှပ်ထားမှုတွေ ရှိနေဆဲဖြစ် တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်က “လူသားအားလုံးသည် တန်းတူပင်ဖြစ်သည်” လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အသံတိတ်ငြိမ်သက်သပိတ် (Silent Strike) ကို ပြုလုပ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org