၆ လကြာ အဖမ်းခံထားရတဲ့ ဒဂုံကျောင်းသားလေးဦး ပြန်လွတ်
ဧပြီလကတည်း ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသားဟောင်း များ အင်အားစုအဖွဲ့ဝင် ကျောင်းသားလေးဦး စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ အောက်တို ဘာလ ၁၉ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
- 2021-10-19
-
-
-
ဧပြီလကတည်း ဖမ်းဆီးခံထားရတဲ့ ဒဂုံတက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ကျောင်းသားလေးဦး စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ ပြန်လွတ်လာတဲ့ ကိုမင်းထက်လင်း (ခ) ကိုလင်းထက်၊ ကိုကျော်မင်းထွန်း၊ ကိုစိုးထက်ဦးနဲ့ မရွှေရူပါ လင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပြီး ရက်ပေါင်း ၁၈၆ ရက်အကြာ ဒီနေ့မှာမှ ပြန်လွတ်လာတာပါ။
လေးဦးစလုံးဟာ အဖမ်းခံရပြီးနောက် ရွှေပြည်သာမြို့နယ်က စစ်တပ်စစ်ကြောရေးကို ပို့ဆောင်စစ်ဆေးခံ ခဲ့ရပြီးမှ အင်းစိန်အကျဉ်းထောင်ကို ပြန်ပို့ပြီး ဖမ်းဆီးထားတာပါ။
အလားတူ မေလ ၁၉ ရက်မှာအဖမ်းခံခဲ့ရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ အထွေ ထွေအတွင်းရေးမှူး မဆုထက်နှင်း၊ မတ်လ ၃ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ အရေးပေါ် ကူညီမှုအသင်းရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုဒါနလင်းတို့လည်း ဒီကနေ့မှာပဲ အင်းစိန် အကျဉ်း ထောင်ကနေ လွတ်မြောက်လာပါတယ်။
စက်တင်ဘာလ ၁၄ ရက်ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ ဧည့်စာရင်းကိုအကြောင်းပြပြီး ဖမ်းသွားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကတော့ ပြန်လွတ်လာတဲ့အထဲမှာ မတွေ့ရသေးပါဘူး။