ရိုဟင်ဂျာတွေ ပြန်ပို့ရေး FRC ကန့်ကွက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့ဖို့အတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတာဟာ အချိန်မတန်သေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ Free Rohingya Coalition (FRC) ရိုဟင်ဂျာလွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့က ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ကာ ရှုတ်ချလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒေသ၊ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ အမျိုးသမီးတွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် REUTERS/Mohammad Ponir Hossain/File Photo

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေကို မြန်မာပြည်ပြန်ပို့ဖို့အတွက် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆောင်ရွက်နေတာဟာ အချိန်မတန်သေးတဲ့လုပ်ရပ်ဖြစ်တယ်လို့ Free Rohingya Coalition (FRC) ရိုဟင်ဂျာ လွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့က ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ကာ ရှုတ်ချလိုက်ပါတယ်။

အဲဒီအဖွဲ့ရဲ့ သတင်း မီဒီယာတာဝန်ခံ ကိုနေဆန်းလွင် က လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်ကို သူတို့ ရိုဟင်ဂျာတွေပြန်သွားရင် လုံခြုံရေးအာမခံချက်မရှိပါဘူးလို့ RFA ကိုပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းကတော့ အဲဒီလို ပြန်လာမယ့် ဒုက္ခသည်တွေအတွက် တတ်နိုင်သမျှ အဆင်ပြေအောင် အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်လို့ RFA ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာလွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အခုလို မြန်မာပြည်ပြန်ပို့မယ်လို့ ပြောဆိုစီစဉ်ခဲ့တဲ့အတွက် ဝမ်းနည်းရကြောင်း၊ သူတို့ ရခိုင်ပြည်နယ် ပြန်သွားရင် တိုက်ခိုက်မှုအန္တရာယ်တွေနဲ့ ထပ်မံတွေ့ကြုံရနိုင်ကြောင်း၊ ဒါကြောင့် မြန်မာပြည်က လူသတ်ကွင်းတွေရှိရာဒေသကို ပြန်လည်ပို့ဆောင်ခြင်း မပြုပါနဲ့လို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံပါကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org