ငြိမ်းချမ်းရေးအတွက် စစ်ဆင်ရေးတွေရပ်ဖို့ FUA တောင်းဆို
စစ်မှန်တဲ့ ငြိမ်းချမ်းရေး စတင် ဖော်ဆောင်နိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချူပ် ချူပ်ဆိုနိုင်ရေး ကြိုးပမ်းနေ ချိန်မှာ အနှောက်အယှက် အဟန့်အတားဖြစ်တဲ့ စစ်ဆင် မှုတွေ ရန်လိုမှု တွေကို ချွင်းချက်မရှိ အားလုံး ရပ်ဆိုင်းဖို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA ရဲ့ ပထမအကြိမ် စစ်ဦးစီးအဖွဲ့အစည်းအဝေးကနေ ဒီကနေ့ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။
-
2014-12-01 -
-
-
စစ်မှန်တဲ့ ငြိမ်းချမ်းရေးစတင်ဖော်ဆောင်နိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချူပ် ချူပ်ဆိုနိုင်ရေး ကြိုးပမ်းနေ ချိန်မှာ အနှောက်အယှက် အဟန့် အတားဖြစ်တဲ့ စစ်ဆင် မှုတွေ ရန်လိုမှု တွေကို ချွင်းချက်မရှိ အားလုံး ရပ်ဆိုင်းဖို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် FUA ရဲ့ ပထမအကြိမ် စစ်ဦးစီးအဖွဲ့အစည်းအဝေး ကနေဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC နဲ့ FUA ပထမအကြိမ် စစ်ဦးစီးအဖွဲ့ အစည်း အဝေးကို နိုဝင်ဘာ ၂၈ ရက်၊၂၉ ရက်နေ့တွေက ထိုင်း မြန်မာ နယ်စပ်တစ်နေရာမှာ ကျင်းပခဲ့ကြပြီး နောက် အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ FUA အကြံပေး ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောပါတယ်။
"ဘာဖြစ်လို့တောင်းဆိုလဲဆိုတော့ အဲ့ဒီဟာတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားထိခိုက်လို့ပေါ့၊ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်တယ်လေ၊ ထိခိုက်တဲ့ ဟာကိုမလုပ်ဖို့တားတာပေါ့၊ ဆိုလိုတာကတော့ ကျနော်တို့ တောင်ပိုင်းစစ်ဒေသမှာလဲ စုဖွဲ့မှုရှိတယ်၊ ညီညွတ်မှုရှိတယ်၊ ဒီဖက်မှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက ငြိမ်းချမ်းရေးဆိုလဲ ငြိမ်းချမ်းရေးနောက်ကိုလိုက်ဖို့ အပစ်အခတ် ရပ်စဲရေးဆိုလည်း အပစ်အခတ်ရပ်စဲရေး ပေါ်လစီကို အကောင်အထည်ဖော်ဖို့ စုစုစည်းစည်းရှိတယ် ဆိုတာလေးကိုပြချင်တာပါ"
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် ချူပ်ဆိုနိုင်ဖို့ နီးစပ်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကညှိနှိုင်း ဆွေးနွေးပွဲ မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက နောက်ကြောင်းပြန် အဆိုပြုချက်တွေ အတင်းအကြပ် တင်သွင်းလာတာ၊ ကာကွယ်ရေး ဦးစီးချူပ်ရဲ့ မူ ၆ ချက်ကို အခိုင်အမာ ကိုင်စွဲပြီး ထပ်မံတင်ပြလာတာ၊ နယ်မြေအနှံ့ အပြားမှာ ထိုး စစ်တွေ ပြင်းထန်လာတာတွေအပေါ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးမှာ စစ်အင်္ဂါစဉ်တွေ ပြန်လည်ရေးဆွဲတာ၊ တာဝန်ခွဲဝေခန့်အပ်တာတွေ အပါအဝင် အချက် ၉ ချက် ကို ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြောပါတယ်။
"အဓိက ကတော့ လက်ရှိအခြေအနေရပေါ့ဗျာ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်ကို အောင်မြင်ဖို့အတွက် စစ်တပ်ဖွဲ့တွေကလဲ ပူးပေါင်းဆောင်ရွက်ရမယ်၊ ကူညီရိုင်းပင်း ရမယ်၊ မိမိကိုယ့်မိမိ ခုခံကွာကွယ်နိုင်အောင် လက်တွဲရမယ်၊ အခြေခံမူကတော့ လော လောဆယ်တော့ အဲ့ဒါပါပဲ ဘာကြောင့်လဲဆိုတော့ တစ်ဖက်က ဗမာ့တပ်မတော်ကလဲ ကြုံရင်ကြုံသလို၊ လစ်ရင်လစ်သလို၊ စစ်ရေးအရ တိုက်ခိုက်၊ နှိပ်ကွပ်၊ သတ်ဖြတ်နေ တာကို လိုင်ဇာအတွေ့အကြုံကို ကြည့်ရင်စစ်မှုကာလ မဟုတ်ဘူး၊ အဲ့ဒါအေးအေးဆေး ဆေးနေတာ အလစ်အငိုက်တိုက်ခိုက်တာမျိုးတွေရှိတော့ အဲ့ဒီမှာ ကျနော်တို့ တိုင်းရင်း သားတပ်ဖွဲ့တွေကလဲ ညီညီ ညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ မိမိကိုယ်မိမိ ခုခံကွာကွယ်နိုင်အောင်တော့ နေကြရမယ်၊ တစ်ဖက် ကလဲ တပ်ပေါင်းစုရဲ့ နိုင်ငံရေး လမ်းစဉ်ကို အထောက်အကူဖြစ်အောင်လုပ်ရမယ်ပေါ့"
နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို UNFC ကာကွယ်ရေးဌာန တာဝန်ခံဖြစ်တဲ့ စစ်ဦးစီးချူပ် ဗိုလ်ချူပ် ဘီထူး၊ ဒုတိယ စစ်ဦးစီးချူပ် (၁) ဒုတိယ ဗိုလ်ချူပ်ကြီး ဘောကျောဟဲ ၊ ဒုတိယ စစ်ဦးစီးချူပ် (၂) ဗိုလ်မှူးချူပ် ခေါင်လွန်း တို့ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် ၁၁ ယောက်နဲ့ အကြံပေးလေ့လာသူစုစုပေါင်း ၁၅ ယောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။